အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူ လျှင်မြန်စေရေးအတွက် (၅) ရက်ကို လုပ်ငန်းဆောင်တာများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ဧပြီလ (၃) ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ရေကြောင်း/ လေကြောင်းများမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန် ရုံးပိတ်ရက်ဖြစ်သော ဧပြီလ (၈) ရက်၊ ဧပြီလ (၁၀) ရက်၊ ဧပြီလ (၁၂) ရက်၊ ဧပြီလ (၁၄) ရက်နှင့် ဧပြီလ (၁၀) ရက်နေ့တို့တွင် Overtime (အချိန်ပို) ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် အရေးပေါ် COVID ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီး တင်သွင်းလာသောပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင် လျှောက်ထားပါကလည်း ရုံးချုပ်တွင် အသင့် စုဖွဲ့ထားရှိ၍ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
အချိန်ပိုလုပ်ငန်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှ င့်ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနတွင် ကျသင့်ခွန်နှင့် ပတ်သက်သော Deposit ငွေလုံလောက်စွာ ထားရှိသွားရန် ကြေညာထားသည်။
Advertisement
Click Here > KM Fashion Shop
ထိုသို့ အချိန်ပိုလုပ်ငန်း ဆောင်ရွက်မှုအား ဧပြီလ (၇) ရက်၊ နေ့လည် (၂) အချိန်ထက် နောက်မကျဘဲ ညွှန်ကြားရေးမှူး ( ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ )၊ ညွှန်ကြားရေးမှူး ( ကာကွယ်ရေးဌာနခွဲ ) တို့ထံ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ကုန်ပစ္စည်းများ တင်သွင်း/ တင်ပို့ရာတွင် အခက်အခဲများ ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ညွှန်ကြားရေးမှူး (ထုတ်/သွင်း)
၀၉၅၀၃၃၆၅၈
ညွှန်ကြားရေးမှူး (ကာကွယ်ရေး)
၀၉၅၁၈၅၃၉၉
ဒုတိယညွှန်ကြားရေးမှူး (ထုတ်ကုန်)
၀၉၅၄၁၂၇၉၇
ဒုတိယညွှန်ကြားရေးမှူး (သွင်းကုန်)
၀၉၅၄၀၈၉၅၇
ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး)
၀၉၈၉၈၉၈၉၂၈၂
ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်)
၀၉၄၄၅၁၇၉၆၉၈