Export & Import

ယခုလမှ စ၍ ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရမည့် ကုန်စည်လိုင်း (၁၀,၃၃၀) ခု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ သွင်းကုန်လိုင်စင်နှင့် ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများကို မတ်လ (၃၁) ရက်နေ့က သတ်မှတ် ထုတ်ပြန်ခဲ့သည်။

 

သွင်းကုန်လိုင်စင် လျှောက်ထားရမည့် ကုန်စည်လိုင်းပေါင်း (၈,၇၇၄) လိုင်း ပါဝင်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း (၁,၅၅၆) လိုင်းရှိကာ စုစုပေါင်း ကုန်စည်လိုင်း (၁၀,၃၃၀) ခု ရှိသည်။ 

 

အောက်တွင် ဖော်ပြထားသည့် ကုန်စည်လိုင်းများပါ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို တင်သွင်းခြင်း (သို့မဟုတ်) တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် (သို့မဟုတ်) ပို့ကုန်လိုင်စင် ဦးစွာ လျှောက်ထားပြီးမှ စိစစ် ခွင့်ပြုသည့်စနစ် (Non- Automatic Licensing) ဖြင့်သာ တင်သွင်း/ တင်ပို့ခွင့် ပြုတော့မည် ဖြစ်သည်။

 

အဆိုပါ အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အကျိုးသက်ရောက်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် လိုအပ်သော လိုင်စင်များ လျှောက်ထားပြီးပါက နိုင်ငံတော်အတွင်းသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။

 

Advertisement

Click Here > Super Apollo

 

သွင်းကုန်လိုင်စင် လျှောက်ရန် လိုသည့် ကုန်စည်လိုင်းများ

====================================

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း (၈,၇၇၄) လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုသော ကုန်စည်စာရင်းအဖြစ် သတ်မှတ်ခဲ့ပြီး ကုန်စည်များစာရင်းကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

https://bit.ly/3ZBeYyd

 

ပို့ကုန်လိုင်စင် လျှောက်ရန် လိုသည့် ကုန်စည်လိုင်းများ

===================================

ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်စာရင်းများအဖြစ် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း (၁,၅၅၆) လိုင်းအား သတ်မှတ် ထုတ်ပြန်ထားပြီး စာရင်းအသေးစိတ်ကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

> https://bit.ly/3KaV6w3

 

ယခင်  ပြည်ပမှ တင်သွင်းသည့် ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၂၂) ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း သိရသည်။

 

Read times
Rate this item
(0 votes)

Related items