Export & Import

တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ကဏ္ဍ (၃) နှစ်အတွင်း အကြီးမားဆုံး ကျဆင်း

ကမ္ဘာ့စီးပွားရေးတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး ပြန်လည် ဦးမော့လာမည့် အလားအလာများကို ခြိမ်းခြောက်ခံနေရကြောင်းနှင့် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များသည် ယခင်လက မျှော်လင့်ထားသည်ထက် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။

 

တရုတ်နိုင်ငံတွင် တရားဝင်ကိန်းဂဏန်းများအရ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် ဇူလိုင်လတွင် (၁၄.၅) ရာခိုင်နှုန်း  ကျဆင်းခဲ့ပြီး သွင်းကုန်မှာ (၁၂.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

 

အဆိုပါ သွင်းကုန်၊ ပို့ကုန်  ကျဆင်းလာခြင်းကြောင့် ယခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု  ပိုမို နှေးကွေးသွားစေမည်ကို  တရုတ်အစိုးရက စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ 

 

     Advertisement

Click Here >Shwe Lamain

 

ကမ္ဘာ့အကြီးဆုံး ပို့ကုန်နှင့် အဓိကတင်သွင်းသူအဖြစ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ယခုကဲ့သို့ ကုန်သွယ်မှု နှေးကွေးလာခြင်းကြောင့် ယင်းကိစ္စနှင့် ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာစေနိုင်ဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

 

တရုတ်နိုင်ငံ၏  အကြီးဆုံးဝယ်လက်များထဲမှ တစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် (၂၃.၁) ရာခိုင်နှုန်းအထိပင် ထိုးကျခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂကလည်း တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူမှုကို (၂၀.၆) ရာခိုင်နှုန်းအထိ လျှော့ချလိုက်သည်ဟု ဆိုသည်။

 

အခြားတစ်ဖက်တွင်လည်း အီးယူနှင့် တရုတ်တို့သည် ဆီမီးကွန်ဒတ် တာချစ်ပ်များနှင့် ပတ်သက်၍   မပြေမလည်မှုများ ရှိခဲ့ရာ  တရုတ်အစိုးရသည် ကွန်ပျူတာချစ်ပ်များ ပြုလုပ်ရာတွင် အသုံးပြုသည့် အဓိကပစ္စည်းများ တင်ပို့မှုအပေါ် ထိန်းချုပ်တင်းကျပ်လာခဲ့သည်။ 

 

ထိုအချက်များကလည်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကို ကျဆင်းစေခဲ့သည်ဟု ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုကြသည်။                      

 

Source : BBC

Read times
Rate this item
(0 votes)