ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ ကုန်စည်များ တင်ပို့ရန်အတွက် ပထမဦးဆုံးအနေဖြင့် နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်မည့် အသိအမှတ်ပြု ကုမ္ပဏီအဖြစ် လုပ်ငန်းမှတ်ပုံတင်ပြီး ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ရမည် ဖြစ်သည်။
မှတ်ပုံတင်ကြေးမှာ တစ်နှစ်စာ သက်တမ်းအတွက် (၅၀,၀၀၀) ကျပ် ဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် အသေးစိတ်ကို အောက်တွင် ဖော်ပြထားသည်။
လုပ်ငန်းမှတ်ပုံတင်ခြင်း
ပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် တင်ပို့ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနအောက်တွင် ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ခွင့် လုပ်ငန်းမှတ်ပုံတင်ရမည် ဖြစ်သည်။
မှတ်ပုံတင်သက်တမ်းမှာ (၅) နှစ် ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (OSS) တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။
Advertisement
Click Here > HT-LT Co., Ltd.
လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း
ပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) အောက်ရှိ ကုန်သွယ်ရေး ဦးစီးဌာနတွင် ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းသည် (၃) နှစ် ဖြစ်သည်။
သို့ရာတွင် သက်တမ်းမှာ နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်ရန် လုပ်ငန်းမှတ်ပုံတင်ထားသည့် သက်တမ်းအတိုင်း (သို့) သက်တမ်းလက်ကျန်အတိုင်း (သို့) လုပ်ငန်းမှတ်ပုံတင် သက်တမ်းထက် မကျော်လွန်သော ကာလကိုသာ ရရှိမည် ဖြစ်သည်။
မှတ်ပုံတင်သည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သို့လည်း အသင်းဝင်ရမည် ဖြစ်သည်။
ကုန်သွယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကြည့်ရန်
Logistics Service များ၏ လိပ်စာ၊ ဖုန်းနံပါတ်များ ကြည့်ရန်