Export & Import

ပြည်ပနိုင်ငံများမှ တိရစ္ဆာန်အစာ တင်သွင်းခွင့် ရရှိရန် လိုအပ်သည့် အချက်များ

လုပ်ငန်းရှင်များအနေဖြင့် မိမိ တင်သွင်းမည့် နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည် အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးပြီး အရည်အသွေး ပြည့်မီကြောင်း ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေရရှိမှသာ စတင် လျှောက်ထားရမည် ဖြစ်သည်။

 

လိုအပ်သော စာရွက်စာတမ်းများ

  • ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကတိခံဝန်ချက်
  • ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)
  • အရောင်းအဝယ် သဘောတူစာချုပ် (Sales Contract) မိတ္တူ
  • အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA)
  • လွတ်လပ်စွာ ရောင်းချခွင့်လက်မှတ် (Free Sale Certificate)
  • ကုန်ပစ္စည်းရောင်းချသည့် နိုင်ငံ၏ ထုတ်လုပ်သည့် စက်ရုံသည် HACCP or GMP Certificate (သို့) ယင်းနှင့် အလားတူညီသော ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ အထောက်အထား
  • အဆိုပါစက်ရုံ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် (URL) နှင့် လိပ်စာ
  • တိရစ္ဆာန်အရင်းအမြစ် (Animal Origin) မှ ထုတ်လုပ်ပေးသော မွေးမြူရေးအစာနှင့် အစာကုန်ကြမ်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် (Veterinary Authority) က ထုတ်ပေးသော တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ်
  • တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာစစ်ဆေးခြင်းအတွက် ဦးစီးဌာနက ထုတ်ပေးသော သက်တမ်းရှိ ဓာတ်ခွဲအဖြေ မိတ္တူ

 

  

Advertisement : HT-LT

 

၁။ ပထမဆုံး အဆင့်အနေဖြင့် ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေး ဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားရမည် ဖြစ်သည်။

 

၂။ တင်သွင်းမည့် တိရစ္ဆာန်အစာ နမူနာပစ္စည်းများကို ဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Veterinary Assay Laboratory) နှင့် တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးမှု ခံယူရမည်။

 

၃။ တင်သွင်းမည့် တိရစ္ဆာန်အစာများ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။

 

၄။ စစ်ဆေးရေးစခန်းသို့ တိရစ္ဆာန်အစာများ ရောက်ရှိချိန်တွင် ပေးပို့နမူနာပစ္စည်းနှင့် ကိုက်ညီမှု ရှိမရှိ မျက်မြင်စစ်ဆေးမှု ခံယူခြင်း၊ အရည်အသွေး စစ်ဆေးမှုဆိုင်ရာ ထောက်ခံချက် (Certificate of Analysis-CoA) စစ်ဆေးမှုခံယူခြင်း၊ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် စစ်ဆေးမှု ခံယူခြင်း၊ အခြားသက်ဆိုင်ရာ အထောက်အထားများ စစ်ဆေးမှု ခံယူခြင်းနှင့် နမူနာရယူ၍ လိုအပ်ပါက ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုခံယူခြင်းတို့ ဆောင်ရွက်ရမည်။

 

၅။ မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားရမည်။

 

၆။ တင်သွင်းပစ္စည်း မှန်ကန်ကြောင်း စစ်ဆေးခြင်းပုံစံဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်း အလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] တွင် အတည်ပြုချက် ရယူရမည်။

 

ဝန်ဆောင်မှုပေးသည့် ဌာန

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ 

ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈

 

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ

ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Read times
Rate this item
(0 votes)