Export & Import

ပြည်ပနိုင်ငံမှ ဝက်သားပေါက် တင်သွင်းခွင့် လျှောက်ထားလိုသူများအတွက်…

ပြည်ပမှ ဝက်အရှင် တင်သွင်းခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။

 

အခြေခံလိုအပ်ချက်များ

  • ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက လျှောက်ထားနိုင်သည်။
  • စီးပွားဖြစ် ဝက်သားပေါက် တင်သွင်းခြင်းနှင့် စပ်လျဉ်း၍  Stakeholder Meeting မှ အတည်ပြု ဆုံးဖြတ်သည့် ခွဲတမ်းပမာဏအတိုင်း လျှောက်ထားရမည်။
  • စီးပွားဖြစ် ဝက်သားပေါက်များအတွက် ဦးစီးဌာနက သတ်မှတ်ထားသော ခန္ဓာကိုယ်အလေးချိန် အတိုင်းသာ တင်သွင်းရမည်။
  • အာဖရိကဝက် အပြင်းဖျားရောဂါ ကင်းရှင်းသည့် နိုင်ငံမှသာ တင်သွင်းရမည်။

 

ဝန်ဆောင်ခ

  • ကျန်းမာရေးစစ်ဆေးခအဖြစ် ဝက်တစ်ကောင်လျှင် ၂,၀၀၀ ကျပ် နှုန်း ကောက်ခံသည်။

 

လိုအပ်သော စာရွက်စာတမ်းများ

  • ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံ
  • ဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို သိရှိ လိုက်နာမည် ဖြစ်ကြောင်း ကတိခံဝန်ချက်၊
  • တင်သွင်းလာသော အေးခဲအသားများအား သိုလှောင်၊ ဖြန့်ဖြူးရောင်းချ (သို့) အသုံးပြုမည့်နေရာ၊
  • ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)၊
  • အရောင်းအဝယ် သဘောတူစာချုပ် (Sales Contract) မိတ္တူ၊
  • တင်သွင်းသည့် နိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကုဆရာဝန် (Veterinary Authority) မှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်လက်မှတ် (Veterinary Health Certificate)
  • ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ၏ မွေးမြူသည့်ခြံ မှတ်ပုံတင်လက်မှတ် (Farm Certificate)၊
  • မျိုးဝက် တင်သွင်းခြင်းအတွက် မျိုးရိုးမှတ်တမ်း (Pedigree Certificate) နှင့် မျိုးဆိုင်ရာ အထောက်အထား၊
  • ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံရှိ ဝက်၏ ကာကွယ်ဆေးထိုးမှတ်တမ်း၊
  • ပြည်တွင်းရှိ မွေးမြူမည့်ခြံ၏ မှတ်ပုံတင်လက်မှတ် (AHD/ PC-7)

 

Advertisement

Click Here > Htun Tauk

 

လျှောက်ထားရန်အဆင့်များ

  • ဦးစီးဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက် လျှောက်ထားရမည်။
  • တင်သွင်းမည့်ဝက်များ ပြည်တွင်းသို့ မရောက်ရှိမီ အနည်းဆုံး (၃) ရက် ကြိုတင်၍ ဦးစီးဌာနသို့ အကြောင်းကြားရမည်။
  • စစ်ဆေးရေးစခန်းသို့ တင်သွင်းလာသည့်ဝက်များ ရောက်ရှိချိန်တွင် တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ်မူရင်း အပ်နှံခြင်းနှင့် ကူးစက်ရောဂါ ကင်းစင်ကြောင်း ဓါတ်ခွဲခန်း စစ်ဆေးမှု ခံယူရမည်။
  • ဦးစီးဌာနက ထုတ်ပေးသော ကူးစက်ရောဂါ ကင်းရှင်းကြောင်း ဓါတ်ခွဲခန်းအဖြေဖြင့် မြန်မာနိုင်ငံ ကုန်ပစ္စည်းအလိုအလျောက် စစ်ဆေးရေးစနစ် [Myanmar Automated Cargo Clearance System (MACCS)] ၏ မွေးမြူရေးကဏ္ဍ [Livestock Sector (LS)] တွင် ဝင်ရောက် လျှောက်ထားပြီး အတည်ပြုချက် ရယူရမည်။
  • လျှောက်ထားစဉ်က ဖော်ပြထားသည့် ဒေသသို့သာ သယ်ဆောင်ရမည် ဖြစ်ပြီး အဆိုပါ သယ်ဆောင်ခြင်းအတွက် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) လျှောက်ထားရမည်။
  • ခရီးဆုံးဒေသသို့ ရောက်ရှိပါက ယင်းဒေသရှိ မြို့နယ်ဦးစီးဌာနမှူးထံ တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/ PC-3) မူရင်း ပြန်လည် အပ်နှံရမည်။
  • တိရစ္ဆာန်ကူးစက်ရောဂါ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများအရ ခရီးဆုံးဒေသရှိ မွေးမြူရေးခြံတွင် ထည့်သွင်း မွေးမြူခြင်း (သို့) ဖြန့်ဖြူးရောင်းချခြင်း မပြုမီ သီးခြားခြံတွင် စောင့်ကြည့်ကာလ (၁၄) ရက် ထားရှိပြီး ခရီးဆုံးဒေသရှိ မြို့နယ်ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။

 

ဝန်ဆောင်မှုပေးသည့်ဌာနကို ဆက်သွယ်ရန်

 

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ 

ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈

 

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ

 

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

 

Read times
Rate this item
(0 votes)