Export & Import

ယခုဘဏ္ဍာနှစ် (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ (၁၆၆) သန်း ရရှိ

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ပေါင်း (၄) သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၆၆) သန်း နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများသို့ အပတ်စဉ်၊ လစဉ် တင်ပို့ ရောင်းချပေးလျက် ရှိပြီး ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ ဆန်နှင့် ဆန်ကွဲ (၃၇၉,၃၈၄) တန် တင်ပို့ရောင်းချမှုမှ နိုင်ငံခြားဝင်ငွေများ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တင်ပို့ရောင်းချပေးရာတွင် ၂၀၂၃ ခုနှစ်အတွင်း…

  • ဧပြီလက အမေရိကန်ဒေါ်လာ (၃၆) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၈၇,၆၄၈) တန်
  • မေလက အမေရိကန် ဒေါ်လာ (၄၈) သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၁၁၀,၇၀၆) တန်
  • ဇွန်လက အမေရိကန်ဒေါ်လာ (၂၈) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၆၂,၇၂၅) တန်
  • ဇူလိုင်လက အမေရိကန်ဒေါ်လာ (၂၆) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၅၈,၃၃၄) တန်နှင့် 
  • ဩဂုတ်လက အမေရိကန်ဒေါ်လာ (၂၈) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၅၉,၉၇၁) တန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၆၆) သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ (၃၇၉,၃၈၄) တန် တင်ပို့ ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

     Advertisement

Click Here > Ko Tin Aung

 

ယခုဘဏ္ဍာနှစ် ငါးလအတွင်းတွင် မေလသည် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အများဆုံးဖြစ်ပြီး နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိသော လတစ်လလည်း ဖြစ်သည်။

ယခုအခါ ပြည်တွင်း ဆန်စပါးဈေးကွက် တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထိန်းသိမ်း ဆောင်ရွက်နေပြီး ဆန်စပါးဈေးကွက်တွင် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read times
Rate this item
(0 votes)