Export & Import

မြန်မာနိုင်ငံမှ ပြည်ပသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့မည်ဆိုလျှင်

ပြည်ပနိုင်ငံများသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့ခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။

 

ပြည်ပသို့ တင်ပို့မည့် အိမ်မွေးတိရစ္ဆာန်များအား မျက်မြင်ကျန်းမာရေး အခြေအနေအား စစ်ဆေးမှု ခံယူရန်၊ မှတ်ပုံတင် အမှတ်အသား ( Identification ) အား စစ်ဆေးမှု ခံယူရန်နှင့် ကာကွယ်ဆေးထိုး မှတ်တမ်းမူရင်း စစ်ဆေးမှု ခံယူရန် လိုအပ်သည်။

 

ဝန်ဆောင်ခ

 

တစ်ကောင်လျှင် (၁၀,၀၀၀) ကျပ်နှုန်း ကောက်ခံသည်။ ( ခွေး၊ ကြောင် )

 

လိုအပ်သော စာရွက်စာတမ်းများ

  • ဌာန၏ သတ်မှတ်လျှောက်လွှာပုံစံ
  • တိရစ္ဆာန်၏ ၄ လက်မ x ၆ လက်မအရွယ်ဓာတ်ပုံ [ ဘေးဘယ် (၁) ပုံ၊ ဘေးညာ (၁) ပုံနှင့် ရှေ့ (၁) ပုံ ] (၂) စုံ
  • ကာကွယ်ဆေးထိုးမှတ်တမ်း မူရင်းနှင့် မိတ္တူ
  • ဓာတ်ခွဲခန်း စစ်ဆေးချက်

 

Advertisement

Click Here > Lat War (TSM)

 

လျှောက်ထားရန် အဆင့်များ

 

ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုရုံး [One Stop Service (OSS)] တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍  ကိုယ်တိုင်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ လျှောက်ထားနိုင်သည်။

  • သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ထွက်ပေါက်များရှိ တိရစ္ဆာန် ထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station) နှင့် စစ်ဆေးရေးစခန်း (Check points) များတွင် စစ်ဆေးမှုကို ခံယူခြင်း
  • တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် ထုတ်ယူခြင်း

 

ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ်ရန်

 

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ 

ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈

 

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ

 

ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Read times
Rate this item
(0 votes)