Export & Import

တရုတ်နိုင်ငံနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံ သဘာဝရေပြင်မှ ဖမ်းဆီး ရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များကို ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ( Belt and Road Initiative - BRI ) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုမည် ဖြစ်သည်။

 

အဆိုပါ ညီလာခံကို စက်တင်ဘာလ (၁၄) ၇က်မှ (၁၇) ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး စီမံကိန်း ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ သွားရောက် တက်ရောက်မည် ဖြစ်သည်။ 

 

     Advertisement

Click Here > Great Modern

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ( Belt and Road Initiative - BRI ) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

 

ယင်းမြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ကြသည်ဟု သိရသည်။

Read times
Rate this item
(0 votes)