ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့ခွင့် လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ၊ ဝန်ဆောင်ခများ၊ လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်ထားရမည့် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။
ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ ပြည့်စုံပါက လျှောက်ထားနိုင်ပြီး ဝန်ဆောင်ခမှာ အောက်ပါအတိုင်း ဖြစ်သည်။
- အေးခဲသားအစို - တစ်မက်ထရစ်တန်လျှင် (၁,၅၀၀) ကျပ်
- အသားခြောက် - တစ်မက်ထရစ်တန်လျှင် (၄,၀၀၀) ကျပ်
- အေးခဲငါး/ပုဇွန် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ်
- ကျွဲ/နွား သားရေ - သားရေတစ်ချပ်လျှင် (၁၅) ကျပ်
- သိုး/ ဆိတ် သားရေ - သားရေတစ်ချပ်လျှင် (၅) ကျပ်
- အရိုးခဲ - တစ်မက်ထရစ်တန်လျှင် (၇၅၀) ကျပ်
- ကျွဲ/ နွားချို - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ်
- သည်းချေ - တစ်မက်ထရစ်တန်လျှင် (၁,၅၀၀) ကျပ်
- အကြောအမျိုးမျိုး - တစ်မက်ထရစ်တန်လျှင် (၃,၀၀၀) ကျပ်
- ဘဲမွေး - တစ်မက်ထရစ်တန်လျှင် (၁၅,၀၀၀) ကျပ်
- ငှက်သိုက် - တစ်ကီလိုဂရမ်လျှင် (၃,၀၀၀) ကျပ်
- လေပြွန်၊ အစာအိမ်၊ ဥသိုချောင်း၊ နှလုံးပြွန်၊ ကြက်ခြေထောက် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ်
- ဝက်ဆီ၊ အမဲဆီ - တစ်မက်ထရစ်တန်လျှင် (၅၀၀) ကျပ်
- ပျားရည်နှင့် ပျားထွက်ပစ္စည်း - တစ်မက်ထရစ်တန်လျှင် (၂,၅၀၀) ကျပ်
- တိရစ္ဆာန်အစာ - တစ်မက်ထရစ်တန်လျှင် (၆၅၀) ကျပ်
- ပဲဖတ်၊ နှမ်းဖတ် - တစ်မက်ထရစ်တန်လျှင် (၂၀၀) ကျပ်
- ငါးမှုန့်၊ ပုဇွန်မှုန့် - တစ်မက်ထရစ်တန်လျှင် (၁,၀၀၀) ကျပ်
- ပြောင်း - တစ်မက်ထရစ်တန်လျှင် (၇၀၀) ကျပ်
Click Here > Hnin Taung
လိုအပ်သော စာရွက်စာတမ်းများ
- ဌာန၏ သတ်မှတ်လျှောက်လွှာပုံစံ
- ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာမည် ဖြစ်ကြောင်း ကုမ္ပဏီ Letterhead ဖြင့် ကတိဝန်ခံချက်
- ကုမ္ပဏီ Letterhead ဖြင့် ပစ္စည်းဝယ်ယူစုဆောင်းမှုအား တင်ပြခြင်း
- ကုမ္ပဏီ Letterhead ဖြင့် ပစ္စည်းများ သိုလှောင်ထားရှိမည့် နေရာအား တင်ပြခြင်း
- ကုန်အရောင်းအဝယ်စာချုပ် (Sale Contract)
- ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)
- အသားခြောက် ထုတ်လုပ်သူများအတွက် အသားပြုပြင်ထုတ်လုပ်သူ မှတ်ပုံတင်လက်မှတ် (Meat Processing Registration Card) မိတ္တူ၊ ပျားရည်သန့်စင် ထုတ်လုပ်သူများအတွက် ပျားရည်သန့်စင် ထုတ်လုပ်သူ မှတ်ပုံတင်လက်မှတ် (Honey Processing Registration Card) မိတ္တူ၊
- ပစ္စည်းများ ဝယ်ယူစုဆောင်းမှုဆိုင်ရာ အထောက်အထား (လိုင်စင်စီ၊ စည်ပင်ထောက်ခံစာ၊ ပစ္စည်းဝယ်ယူမှု ဘောက်ချာမိတ္တူ)
- ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့သူများအတွက် ယခင် တင်ပို့ပြီးစီးမှု အထောက်အထား ( ED-Export Declaration)
လျှောက်ထားရန် အဆင့်များ
လျောက်ထားလိုသူများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ပြီး ပစ္စည်းများ ထားရှိရာနေရာသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကွင်းဆင်း စစ်ဆေးခြင်းကို ခံယူခြင်းနှင့် Veterinary Health Certificate ထုတ်ယူခြင်း လုပ်ဆောင်ရန် လိုအပ်သည်။
ဆက်သွယ်ရန်လိပ်စာ
ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။
ဖုန်းနံပါတ် - ၀၆၇၃၄၁၈၄၅၈
ဝန်ဆောင်မှု ရရှိနိုင်မည့် နေရာ
ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။