Export & Import

ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားများအား ကျန်းမာရေးစစ်ဆေးရန် လျှောက်ထားခြင်း

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားအထီးများအား ကျန်းမာရေး စစ်ဆေးပေးရန် လျှောက်ထားရာတွင် လိုအပ်သည့် အခြေခံလိုအပ်ချက်များနှင့် စာရွက်စာတမ်းများ၊ ဝန်ဆောင်ခ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။

 

ကျွဲ၊ နွားအထီးများအား ကျန်းမာရေး စစ်ဆေးပေးရန် လျှောက်ထားမှုကို ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ အသိအမှတ်ပြုကဒ် (Smart Card) ရရှိပြီးသူများသာ လျှောက်ထားနိုင်မည် ဖြစ်ပြီး ဝန်ဆောင်ခမှာ ကျန်းမာရေး စစ်ဆေးခအဖြစ် ကျွဲ၊ နွားတစ်ကောင်လျှင် (၁၀,၀၀၀) ကျပ် ကောက်ခံကြောင်း သိရသည်။

 

လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်လွှာပုံစံ - ကသ(၄)
  • စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7)

 

လျှောက်ထားရန် အဆင့်များ

 

လျောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးများတွင် သွားရောက် လျှောက်ထားနိုင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်သည်။

 

Advertisement

Click Here > Asia Concrete

 

လျောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးများတွင် သွားရောက် လျှောက်ထားနိုင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်သည်။

  • ပြည်ပတင်ပို့မည့် ကျွဲ၊ နွားအထီးများအတွက် ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် (AHD/PC-3) ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက် ရရှိအောင် ဆောင်ရွက်ခြင်း
  • ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင် လျှောက်ထားခြင်း
  • ပို့ကုန်လိုင်စင် ရရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေးသော သယ်ပို့မှုဆိုင်ရာ လမ်းကြောင်းနှင့် ကျွဲ၊ နွား စုဆောင်းခြံမှ ပြည်ပသို့ ထွက်ခွါခွင့်ပုံစံ ရရှိရန် ဆောင်ရွက်ခြင်း
  • သယ်ဆောင်မည့် လမ်းကြောင်းရှိ စစ်ဆေးရေးစခန်းနှင့် တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း (AQS) တွင် စစ်ဆေးခံ၍ ပြည်ပသို့ ထွက်ခွါခြင်း
  • သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံထံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေးထားသော စာရွက်စာတမ်းအားလုံး စနစ်တကျ ပြန်လည် အပ်နှံခြင်း

 

ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်

 

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ 

ဖုန်းနံပါတ် - ၀၆၇၃၄၁၈၅၇၆

 

ဝန်ဆောင်မှု ရယူနိုင်မည့် နေရာ

 

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Read times
Rate this item
(0 votes)