ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့ခြင်းအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ အကောက်ခွန်ဦးစီးဌာနသို့ ရေထွက်ပစ္စည်း ထောက်ခံစာ ထုတ်ပေးရာတွင် လိုအပ်သည့် အထောက်အထားများနှင့် လုပ်ငန်းစဉ်များကို ဖော်ပြပေးလိုက်ပါသည်။
တင်ပြရန် လိုအပ်မည့် အထောက်အထားများ
- ကုမ္ပဏီ၏ Letterhead ဖြင့် တင်ပြလာသော လျှောက်လွှာ
- တင်ပို့လိုသည့် ကုမ္ပဏီ၏ မှတ်ပုံတင် (မိတ္တူ)
- ထုတ်ကုန်သွင်းကုန်လိုင်စင် (မိတ္တူ)
- Sale Contract
- Invoice
- Packing list
- ပို့ကုန်ကြေညာလွှာ (မိတ္တူ)
လက်တွေ့လုပ်ထုံး လုပ်နည်း
- လျှောက်ထားသူသည် တင်ပြရန်လိုအပ်သည့် အထောက် အထားများနှင့် ဦးဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ဒါရိုက်တာ လက်မှတ်ထိုးထားသည့် ကုမ္ပဏီ၏ Letterhead ဖြင့် လျှောက်လွှာတို့ကို ညွှန်ကြားရေးမှူးချုပ် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။
- တာဝန်ခံအရာရှိသည် တင်ပြလာသော အထောက်အထားများ ပြည့်စုံမှု ရှိ/ မရှိကို စစ်ဆေးမည်။
- ညွှန်ကြားရေးမှူးချုပ်ကိုယ်စား သက်ဆိုင်ရာတာဝန်ခံ အရာရှိမှ လက်မှတ်ရေးထိုးပြီးနောက် မူရင်းထောက်ခံချက်ကို အကောက်ခွန် ဦးစီးဌာနသို့ ထုတ်ပေးရမည်။
Click Here >First National Insurance
Micro/ Chemical/ Physical စစ်ဆေးခများအား တင်ပို့ ရေထွက်ပစ္စည်း အမျိုးအစားနှင့် တန်ချိန်ပေါ် မူတည်၍ ဝန်ဆောင်ခ ကောက်ခံပြီး တင်ပြလာသော အထောက်အထားများ ပြည့်စုံပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိသည်။
လျှောက်ထားရမည့်နေရာ
ငါးလုပ်ငန်းဦးစီးဌာန
ရုံးအမှတ် (၃၆) နေပြည်တော်
၀၆၇ ၄၀၈၄၇၃
This email address is being protected from spambots. You need JavaScript enabled to view it.
ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့တုန်း။ အင်းစိန်မြို့နယ်၊ ရန်ကုန်
၀၁၆၄၇၇၀၉
This email address is being protected from spambots. You need JavaScript enabled to view it.
အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့်
ညွှန်ကြားရေးမှူးချုပ် ကိုယ်စား တာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုးခြင်း
သတ်မှတ်ချက်များ
ရေထွက်ပစ္စည်း ထုတ်လုပ်သော စက်ရုံများအနေဖြင့် မိမိစက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများ (အထူးသဖြင့် ပြင်ပမှ အပ်ကုန်စနစ်ဖြင့် ထုတ်လုပ်သော ရေထွက်ပစ္စည်းများအတွက် ) စက်ရုံ၏ မန်နေဂျင်း ဒါရိုက်တာ (သို့) ဒါရိုက်တာ (သို့) အထွေထွေမန်နေဂျာမှ လက်မှတ်ရေးထိုးထားသော စက်ရုံမှ ထုတ်လုပ်သည့် ရေထွက်ပစ္စည်း ဖြစ်ကြောင်း ကတိခံဝန်ချက် မူရင်းတင်ပြရမည်။