Export & Import

ပြည်ပမှ ရေထွက်ပစ္စည်းများ တင်သွင်းခြင်းအတွက် ထောက်ခံစာ ရယူရာတွင် လိုအပ်သည်များ

မြန်မာနိုင်ငံသို့ ပြည်ပမှ ရေထွက်ပစ္စည်းများ တင်သွင်းခြင်းအတွက် အကောက်ခွန်ဦးစီးဌာနသို့ ရေထွက် ပစ္စည်းထောက်ခံစာ ထုတ်ပေးရာတွင် လိုအပ်သည့် အထောက်အထားများ၊ သတ်မှတ်ချက်များ၊ နှုန်းထားများ၊ လုပ်ငန်းစဉ်များ၊ ကြာမြင့်ချိန်နှင့် လျှောက်ထား ရယူနိုင်မည့် နေရာများကို ဖော်ပြလိုက်ပါသည်။

 

တင်ပြရန် လိုအပ်မည့် အထောက်အထားများ

  • ကုမ္ပဏီ၏ Letterhead ဖြင့် တင်ပြလာသော လျှောက်လွှာ
  • ကုမ္ပဏီ Letterhead ဖြင့် မည့်သည့်နိုင်ငံထွက်ပစ္စည်းများအား မည်သည့်နိုင်ငံမှတစ်ဆင့် မည်သည့်လမ်းကြောင်း (ကုန်ကြောင်း၊  လေကြောင်း၊ ရေကြောင်း) မှ တင်သွင်းမည်ကို ဖော်ပြရန်
  • တင်သွင်းမည့် ငါးများ၏ Country Origin, Sanitary certificate (သို့) Health certificate, Sale Contract, Proforma Invoice, တင်သွင်းလိုသည့် ကုမ္ပဏီ၏ ကုမ္ပဏီ မှတ်ပုံတင်၊ ထုတ်ကုန်/ သွင်းကုန် လိုင်စင်မိတ္တူ၊ တင်သွင်းမည့် ရေထွက်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံ၊ စသည်များ တင်ပြရန်
  • မြန်မာနိုင်ငံဘက်သို့ တင်သွင်းပစ္စည်း ရောက်ရှိပါက ငါးလုပ်ငန်းဦးစီးဌာနသို့ Online မှတစ်ဆင့် MACCS စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်ရန်နှင့် နမူနာငါးများအား ငါးလုပ်ငန်းဦးစီးဌာန၊  ဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးရန်

 

လက်တွေ့လုပ်ထုံးလုပ်နည်း

 

လျှောက်ထားသူသည် တင်ပြရန်လိုအပ်သည့် အထောက်အထားများနှင့် ဦးဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ဒါရိုက်တာ လက်မှတ်ထိုးထားသည့် ကုမ္ပဏီ၏ Letterhead ဖြင့် လျှောက်လွှာတို့ကို ညွှန်ကြားရေးမှူးချုပ် ငါးလုပ်ငန်းဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ကာ တာဝန်ခံအရာရှိမှ တင်ပြလာသော အထောက်အထားများ ပြည့်စုံမှု  ရှိ/ မရှိကို စစ်ဆေးမည် ဖြစ်သည်။

 

ပြည့်စုံခဲ့လျှင် ထောက်ခံချက် ထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးထံသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပြီး ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်၏ လက်မှတ်ကို  ရရှိပြီးနောက် မူရင်းထောက်ခံချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့ သွင်းကုန်  လိုင်စင် ထုတ်ပေးနိုင်ရန်အတွက် Online မှတဆင့်ပေးပို့ပြီး၊ မူရင်းနှင့် မိတ္တူကို ထုတ်ပေးမည် ဖြစ်သည်။

 

Advertisement

Click Here >T&D Power Tech(Myanmar)

 

တင်သွင်းလိုင်စင်ကို လက်ခံရရှိပြီးနောက် လျှောက်ထားသူအနေဖြင့် ပြည်တွင်းစားသုံးရန်အတွက် ဆောင်ရွက်မည့် ရေထွက်ပစ္စည်းများကို တင်သွင်းနိုင်မည် ဖြစ်ကာ ကုန်ပစ္စည်းများ ရောက်ရှိပြီး ဓါတ်ခွဲခန်းစစ်ဆေးချက်အဖြေ ရရှိပါက ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါ Test Report အား MACCS စနစ်ဖြင့် အကောက်ခွန်ဦးစီးဌာနသို့ သဘောထားမှတ်ချက် ပြန်ကြားပေးမည် ဖြစ်သည်။

 

ဝန်ဆောင်ခနှင့် ကြာမြင့်ချိန်

 

ဓါတ်ခွဲခန်း စမ်းသပ်မှုအတွက် ကောက်ခံမည့် နှုန်းထားများသည် စမ်းသပ် စစ်ဆေးမည့် တိုင်းတာချက် (Parameter) ပေါ်တွင် မူတည်၍ Microbiological Test (၅) မျိုးအတွက် စစ်ဆေးခ ၅၀,၀၀၀  ကျပ် ဖြစ်ပြီး တင်ပြသော အထောက်အထားများ ပြည်စုံခဲ့လျှင်  (၁) ပတ်အတွင်း ဆောင်ရွက်ပေးသည်။

 

လျှောက်ထားရမည့်နေရာ

ငါးလုပ်ငန်းဦးစီးဌာန

ရုံးအမှတ် (၃၆) နေပြည်တော်

၀၆၇ ၄၀၈၄၇၃

This email address is being protected from spambots. You need JavaScript enabled to view it.

 

ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့တုန်း။ အင်းစိန်မြို့နယ်၊ ရန်ကုန်

၀၁၆၄၇၇၀၉

This email address is being protected from spambots. You need JavaScript enabled to view it.

 

အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ် ကိုယ်စား တာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုးခြင်း

 

ပြည်တွင်းတွင် ထွက်ရှိခြင်း မရှိသည့် ရေထွက်ပစ္စည်းများကိုသာ ဦးစားပေးဆောင်ရွက် ခွင့်ပြုပေးမည် ဖြစ်ကာ တင်သွင်းလာသော ရေထွက်ပစ္စည်း ရောက်ရှိပါက ငါးလုပ်ငန်း ဦးစီးဌာနသို့ အကြောင်းကြားရမည် ဖြစ်သည်။

 

ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့ခြင်းအတွက် ထောက်ခံစာ လျှောက်ထားခြင်း

Read times
Rate this item
(0 votes)