လက်ခစားအပ်ကုန်စနစ်ဖြင့် ထုတ်လုပ်ထားသော ကုန်ချောရေထွက်ပစ္စည်းများကို ပြန်လည် တင်ပို့နိုင်ရန်အတွက် ပြန်လည် တင်ပို့လိုင်စင်ဆိုင်ရာ ထောက်ခံချက် ရယူရာတွင် လိုအပ်သည့် အချက်အလက်များ၊ စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ပြလိုက်ပါသည်။
တင်ပြရမည့် အထောက်အထားနှင့် လုပ်ငန်းစဉ်များ
ကုမ္ပဏီ၏ Letterhead ဖြင့်တင်ပြလာသောလျှောက်လွှာ
လျှောက်ထားသူသည် တင်ပြရန် လိုအပ်သော အထောက်အထားများနှင့် ဦးဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ဒါရိုက်တာ လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီ၏ Letterhead ဖြင့် လျှောက်လွှာတို့ကို ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။
တာဝန်ရှိအရာရှိသည် တင်ပြလာသော အထောက်အထားများကို ပြည့်စုံမှု ရှိ/ မရှိကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင် ထောက်ခံချက် ထုတ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးထံသို့ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။
Click Here > Biz Partner
ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်၏ လက်မှတ်ကို ရရှိပြီးနောက် မူရင်းထောက်ခံချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနသို့ ပြန်လည်တင်ပို့ လိုင်စင်ထုတ် ပေးနိုင်ရန်အတွက် Online မှတစ်ဆင့် ပေးပို့ပြီး မူရင်းနှင့် မိတ္တူကို လျှောက်ထားသူအား ထုတ်ပေးမည်။
ထောက်ခံချက်မိတ္တူကို လက်ခံရရှိပြီးနောက် လျှောက်ထားသူသည် ကုန်သွယ်ရေးဉီးစီးဌာနတွင် ပြန်လည် တင်ပို့လိုင်စင် လျှောက်ထားခြင်းကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။ တင်ပြလာသော အထောက်အထားများ ပြည့်စုံခဲ့လျှင် တစ်ပတ်အတွင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။
ပြန်လည်တင်ပို့လိုင်စင်ကို လက်ခံရရှိပြီးနောက် လျှောက်ထားသူအနေဖြင့် လက်ခစားအပ်ကုန်စနစ်ဖြင့် ထုတ်လုပ်ထားသော ကုန်ချောရေထွက်ပစ္စည်းများကို ပြန်လည် တင်ပို့နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၏ တင်ပို့ခြင်းဆိုင်ရာ နည်းလမ်းအတိုင်း တင်ပို့နိုင်သည်။
လျှောက်ထားရမည့်နေရာ
ငါးလုပ်ငန်းဦးစီးဌာန
ရုံးအမှတ် (၃၆) နေပြည်တော်
၀၆၇ ၄၀၈၄၇၃
This email address is being protected from spambots. You need JavaScript enabled to view it.
ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့တုန်း။ အင်းစိန်မြို့နယ်၊ ရန်ကုန်
၀၁၆၄၇၇၀၉
This email address is being protected from spambots. You need JavaScript enabled to view it.