ဂျပန်နိုင်ငံ Tokyo မြို့တော်အပါအဝင် ပြည်နယ် (၁၀) ခုမှ ရေထွက်ကုန်အားလုံး၊ ပင်လယ်ဆားနှင့် ရေညှိများ ဟောင်ကောင်ဒေသသို့ တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်ဒေသအစိုးရ အစားအစာ အန္တရာယ်ကင်းရှင်းရေး ဗဟိုဌာန (CFS) မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Hong Kong Business သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရှိရသည်။
အဆိုပါ တင်သွင်းခွင့် တားမြစ် ပိတ်ပင်ခြင်း ခံရသည့် ပြည်နယ်များမှာ Tokyo, Fukushima, Ibaraki, Miyagi, Chiba, Gunma, Tochigi, Niigata, Nagano နှင့် Saitama တို့ ဖြစ်သည်။
ယင်းဒေသများမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နှင့် နောက်ပိုင်း ထုတ်လုပ်ထားသည့် ရေထွက်ကုန် ပုံစံအမျိုးမျိုး ( အရှင်၊ အေးခဲ၊ အခြောက်ခံ၊ တာရှည်ခံ)၊ ပင်လယ်ဆားနှင့် ပြုပြင်ထား၊ သန့်စင်ထားရှိ/ မရှိသော ရေညှိများ သာမက ဖုရှရှီးမားပြည်နယ်မှ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ နို့နှင့် နို့ပါဝင်သည့် အဖျော်ယမကာ၊ အခြောက်ခံထားသော နို့များလည်း တင်သွင်းခွင့် ပိတ်ပင်မည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Click Here > Grand Winner
ဟောင်ကောင်ဒေသ၏ သတ်မှတ်ပါဝင်မှုစံနှုန်းထက် ပိုလွန်ခြင်း မရှိသည့် အခြားရေထွက်ကုန်များ တင်သွင်းခွင့် မပိတ်ပင်ရေးအတွက် တင်သွင်းလာသည့် အခြားသော ရေထွက်ကုန်များအပေါ် ဓာတ်ရောင်ခြည် စစ်ဆေးခြင်းများ အသေအချာ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်မှ သွေဖည်နေသည့် ထုတ်ကုန်များအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် တင်သွင်းခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဟောင်ကောင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (HKO) မှ ဟောင်ကောင်ဒေသ ရေပိုင်နက်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်မှု စစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ သတ်မှတ်ချက်ထက် ကျော်လွန်မှု စစ်ဆေး တွေ့ရှိခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
ထို့ပြင် အစားအစာ အန္တရာယ်ကင်းရှင်းရေး ဗဟိုဌာနနှင့် ငါးလုပ်ငန်းနှင့် ထိန်းသိမ်းရေးဌာနတို့ အနေဖြင့်လည်း ဂျပန်နိုင်ငံမှ အစားအစာ နမူနာများကို စစ်ဆေးခဲ့ရာ နမူနာအားလုံး သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိသည်ဟုလည်း ရေးသား ဖော်ပြထားကြသည်။