Export & Import

မြန်မာ - ထိုင်း ကုန်သွယ်မှုကို ၂ဝ၂၂ ခုနှစ်တွင် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေ

မြန်မာ - ထိုင်း ကုန်သွယ်မှုကို ၂ဝ၂၂ ခုနှစ်တွင် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေ google

မြန်မာ-ထိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးကို ၂ဝ၂၂ ခုနှစ်တွင် လက်ရှိ အခြေအနေများထက် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

''နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ တိုးတက်ရေးအတွက် နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေကြပါတယ်။ဒါ့ပြင် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်စေဖို့ အတွက် မြန်မာ့ပို့ကုန်တွေ ဈေးကွက်ပိုမိုရရှိစေဖို့ မြန်မာနိုင်ငံဘက်ကနေ တောင်းဆိုခဲ့တဲ့အပေါ် ထိုင်းနိုင်ငံဘက်က သဘောတူ လက်ခံထားတာတွေ ရှိပါတယ်''ဟု ၎င်းက ပြောခဲ့ပါတယ်။

 

ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် အာဆီယံ စည်းမျဉ်းစည်းကမ်း များအရ မြန်မာ့ပို့ကုန်များဖြစ်သော ကြက်သွန်နီပျိုးပင်ပေါက်၊ ကြက်သွန်နီ၊ အာလူး၊ ပြောင်း၊ မြေပဲဆန်တို့အပေါ် ထိုင်းနိုင်ငံက Duty Free ၊ Quota Free များဖြင့် ဈေး ကွက် ဝင်ရောက်ခွင့်ပြုရေးတို့ကို ညှိနှိုင်း ဆွေးနွေးထားကြောင်း၊ ကုန်သွယ်မှုနှင့် ဆက်စပ်သော ကိစ္စရပ်များအနေဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလိုသော အပင်နှင့် အပင်ထွက်ပစ္စည်းများ အတွက် Pest Risk Analysis (PRA) ပေးပို့ပေးရေး ကိစ္စတို့ကိုလည်း ညှိနှိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ တင်သွင်းနေသော မော်တော်ယာဉ်၊ ယန္တရားများနှင့် အသုံးပြုပြီးသော လျှပ်စစ်ပစ္စည်း အဟောင်းတို့ကို နှစ်နိုင်ငံ လိုက်နာဆောင်ရွက်ရမည့် BASEL Convention အရ တင်ပို့ခြင်း မပြုရေးကန့်သတ်ရန် ညှိနှိုင်းသဘောတူခဲ့ကြောင်း သိရပါတယ်။

 

ယင်းအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အန္တရာယ်ရှိသော ကုန်စည်များ၊ တားမြစ်ထားသော အရက်၊ ဘီယာ၊ ကွမ်း စားဆေး စသည့် ကုန်စည်တို့ကို တစ်ဆင့်ခံ ကုန်သွယ်မှု နည်းလမ်းအရဖြစ်စေ၊ နယ်စပ်ကုန်သွယ်မှု နည်းလမ်းအရဖြစ်စေ ကုန်သွယ် မှုမပြုရန်၊ နှစ်နိုင်ငံတရားဝင် သတ်မှတ်ထားသည့် နယ်စပ်ထွက်ပေါက်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားများမှ ကုန်သွယ်မှုပြုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်း ဆောင်ရွက်ရန်လည်း သဘောတူထားကြောင်း သိရပါတယ်။

 

Source : myawady

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)