ကုန်သွယ်မှုကဏ္ဍလွယ် ကူချောမွေ့ရေးလိုင်စင်လျှောက် ထားခြင်းအပါအ၀င် အွန်လိုင်းမှ တစ်ဆင့် ဆောင်ရွက်နိုင်သည့် Trade Net 2.0 ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၃ ရက်တွင် မိတ်ဆက်ခဲ့ပါတယ်။
ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားရန်နှင့် ပတ်သက်ပြီး အွန်လိုင်းစနစ်ကို ၂၀၀၄ကစတင် ပြောင်းလဲပြီး ထပ်မံအဆင့်မြှင့် တင်ခြင်းများလည်း ၀န်ကြီးဌာန က ဆောင်ရွက်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးမင်းမင်းက ပြောခဲ့ပါတယ်။ ကုန်သွယ်မှုလွယ်ကူလျင်မြန်ရေး အွန်လိုင်းစနစ်ကို ရည်ရွယ်ပြောင်း လဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
ထို့အပြင် ကုန်သွယ်မှုကဏ္ဍ နှင့်ပတ်သက်၍ ၀န်ကြီးဌာန၏ ဖြေလျှော့ပေးနေသည့် အခြေအ နေများကိုလည်း ဦးမင်းမင်းက ရှင်းပြခဲ့ပါတယ်။
သွင်းကုန်ကဏ္ဍတွင် ယခင် က ကုန်စည်လိုင်းပေါင်း တစ် သောင်းကျော်ကို လိုင်စင် လျှောက်ထားခဲ့သော်လည်း လက် ရှိတွင် ကုန်စည်လိုင်းလေးထောင် ကျော်သာ လိုင်စင်လျှောက်ထား ရန်လိုကြောင်း ၎င်းကပြောပါတယ်။ ထို့အပြင် ပို့ကုန်ကဏ္ဍပိုင်းတွင် လည်း ကုန်စည်လိုင်းသုံးထောင် ကျော်သာ လိုင်စင်လျှောက်ထား ရတော့မည်ဟု ဦးမင်းမင်းကဆိုခဲ့ပါတယ်။ ကမ္ဘာကြီး၏ နည်းပညာ ပြောင်းလဲမှုနှင့်အတူ အာဆီယံ နိုင်ငံများနှင့် အမီလိုက်ပါဆောင် ရွက်မည့် အဆိုပါအစီအစဉ်ကို ကုန်သည်များနှင့် မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်ကလည်း ကြိုဆိုပါကြောင်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့် က ပြောပြချက်အရ သိရပါတယ်။
Source :7daydaily