Export & Import

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော်တင်သွင်းမှု

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော်တင်သွင်းမှု google

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော် တင်သွင်းမှုတန်ဖိုး ဒေါ်လာ၂ ဒသမ ၉ ဘီလျံ ကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၄၈၀,၀၀၀ ကျော် နှင့် ဒေါ်လာသန်း ၃၈၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ သြဂုတ် ၃၀ ရက်အထိ ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉၅၇ သန်းကျော် တင်သွင်းထားပြီး တန်ဖိုးဒေါ် လာ ၂ ဒသမ ၉၄၂ ဘီလျံအထိရှိပါတယ်။ ယခင်နှစ်ကာလတူမှာ တန်ချိန် ၅ ဒသမ ၄၄၄ သန်းကျော်တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၃ ဒသမ ၃၂၆ ဘီလျံအထိရှိပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လ တွင် ပြည်ပမှစက်သုံးဆီတင်သွင်းမှုသည် ယ ခင်နှစ်ကာလတူထက်တန်ချိန် ၄၈၆,၁၅၀ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၈၄ ဒသမ ၃၈၉ သန်းလျော့ကျခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ဒီဇယ်တန်ချိန် သုံးသန်းကျော်တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၇ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ခြောက်သိန်းခွဲကျော် လျော့ကျခဲ့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၃၈၀ နီးပါး လျော့ကျခဲ့ကြောင်း သိရပါတယ်။

 

>>> Packing/Filling & Wrapping Materials & Equipment ထုတ်ပိုးဖြည့်ဆည်း ပစ္စည်းကိရိယာများနှင့်သက်ဆိုင်သောလုပ်ငန်း ၁၇၈ ခုကိုရှာရန်နှိပ်ပါ<<<

 

ဓာတ်ဆီတန်ချိန် ၁ ဒသမ ၈၇၇ သန်း တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၄ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန်တစ်သိန်း ခြောက်သောင်းကျော် ပိုမိုတင်သွင်းထားပြီး တန်ဖိုး ဒေါ်လာငါးသန်းကျော် လျော့ကျခဲ့ပြီးစက်တင်ဘာ ၁၀ ရက်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်လက်လီ တစ်လီတာ ကျပ် ၈ရဝမှ ၉၀၀ ကြား၊ လက်ကား တစ်လီတာကျပ် ၈၄၅ကျပ်မှ ၈၆၀ ကြား၊ Premium ဒီဇယ် လက်လီတစ်လီတာ ကျပ် ၈၈ဝမှ ၉၁၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၈၅၅မှ ၈၇၀ ကြားရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့အတူ ဓာတ်ဆီ(RON 92) လက်လီတစ်လီတာ ကျပ် ရရဝမှ ၈၀၅ကြား၊ လက်ကားတစ်လီတာ ကျပ် ၇၅၀ မှ ၇၆ဝကြားနှင့် ဓာတ်ဆီ(RON 95) လက်လီတစ်လီတာ ကျပ် ၈၆၀ မှ ၈၉၅ ကြား၊ လက်ကားတစ်လီတာ ကျပ် ၇၈၅မှ ၈၀၅ ကြားရှိခဲ့ပါတယ်။

 

ကမ္ဘာ့ ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်း ကျော်ပြန်ကျခဲ့ပါတယ်။ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှမေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက် မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းတွင် ပြန်လည်ကျဆင်းလာကြောင်း သိရပါတယ်။

 

>>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<

 

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီဈေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျ နည်းပါးခဲ့ကာ ဇွန်လဆန်းမှစတင်ကာ ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။

 

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန် တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့ပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

 

 

 

 

Read times
Rate this item
(0 votes)