ယခုဘဏ္ဍာနှစ် နှစ်ဝက် တွင် ကုန်သွယ်မှုကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော် ပိုမိုကုန်သွယ်ထားနိုင်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
အဆိုပါကုန်သွယ်မှုပမာဏ အနက် ပို့ကုန် ၆ ဒသမ ၅ ဘီ လီယံခန့်နှင့် သွင်းကုန် ၈ ဒသမ ၇ ဘီလီယံကျော်ရှိကြောင်း အဆို ပါဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
‘‘ဒီနှစ်က လျာထားချက် ထက်ပိုမယ်မျှော်လင့်ထားတယ်။ အခုလည်း ကုန်သွယ်မှုက တက် လာတယ်။ နောက်လည်း တက်ဦး မယ်လို့မျှော်လင့်ထားတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ ကုန်တွင် ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလီယံရောက် ရှိရန် လျာထားပြီး ယင်းထက်ပိုမို မြင့်တက်ရန် အလားအလာရှိ ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၈ ဘီလီယံသာရှိသော် လည်း ယခုဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီ ယံရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ စာရင်းများအရ သိရသည်။
ခြောက်လအတွင်း အများ ဆုံးတင်ပို့နိုင်သောပို့ကုန်သည် အ ထည်ချုပ်နှင့် စက်မှုကုန်ချော ထုတ်ကုန်များဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်ရှိသည်။ ဒုတိယအများဆုံးသည် လယ်ယာ ထုတ်ကုန်ဖြစ်ပြီး စုစုပေါင်းကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိ သည်။
‘‘ဒီအစိုးရလက်ထက်မှာ ပို့ ကုန်မှာ ၃၅ ရာခိုင်နှုန်းက ကုန် ထုတ်လုပ်မှုဖြစ်လာတယ်။ အခု လည်း ပို့ကုန်ရဲ့ နံပါတ်(၁) က ကုန်ထုတ်လုပ်မှုပဲ။ အရင်အစိုးရ လက်ထက်မှာ သယံဇာတက နံပါတ်(၁)ပို့ကုန်ဖြစ်ခဲ့တာ။ ဒါကို ပြောင်းလဲသွားဖို့ အစိုးရသစ်လက်ထက်မှာ လုပ်နေခဲ့တာ’’ ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
သွင်းကုန်များတွင် စက်မှု ကုန်ထုတ်လုပ်မှုများအတွက် ကုန် ကြမ်းတင်သွင်းမှု ကန်ဒေါ်လာ၃ ဒသမ ၃ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်သည်။ ဒုတိယသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအ တွက် ပစ္စည်းများ တင်သွင်းမှုဖြစ်သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်းကန်ဒေါ်လာ ၂၇ ဘီလီယံရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၂၉ ဘီလီယံရှိခဲ့သည်။