တရုတ်နိုင်ငံ၏ အစိုးရရုံး ပိတ်ရက်ရှည်ကြောင့် မူဆယ်၊ ရွှေလီ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပမာဏ လျော့ကျခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းကြောင့် ယခုရက်ပိုင်းကုန်သွယ်ရေးလျော့ကျ
မူဆယ်နယ်စပ်မှ တရုတ်- မြန်မာ နှစ်နိုင်ငံ အပြန်အလှန် နယ်စပ်ကုန်သွယ်ရေးသည် တစ်ရက်လျှင် ပျမ်းမျှကန်ဒေါ်လာ ရှစ်သန်းခန့်ရှိသော်လည်း ယခုကဲ့သို့ ပိတ်ရက်ရှည်ကာလများတွင် လုပ်ငန်းများစွာမလုပ်နိုင်ကြော
ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ဆန်အိတ် ငါးသောင်း ခန့်၊ သကြားအိတ် ရှစ်သောင်းခန့် ၀ယ်ယူနေသည့် တရုတ်ကုန်သည်များ ရုံးပိတ်ရက်ရှည်ကြောင့် မူဆယ်မြို့သို့ ကုန်ပစ္စည်း လာရောက်ဝယ်ယူမှုသည် ယမန်နေ့ကစ၍ လျော့နည်းလာသည်ဟု မူဆယ်မြို့ရှိ ဆန်နှင့်သကြား ကုန်သည်တစ်ဦးက ပြောသည်။
လာရောက်ကုန်ပစ္စည်းဝယ်ယူသည့် တရုတ်ကုန်သည်များသည်လည်း ကုန်တင်ယာဉ်ရရှိမှု အခက်အခဲ၊ အလုပ်သမားအခက်အခဲများနှင့် တရုတ်နိုင်ငံ အကောက်ခွန်မှ စစ်ဆေးခြင်းများ မပြုလုပ်နိုင်သည့် အခက်အခဲများ ကြုံတွေ့ရတတ်ကြောင်း မူဆယ်မြို့ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာ ထွက်ကုန် ကုန်စည်ဒိုင်မှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
စက်တင်ဘာ စတုတ္ထပတ် က တရုတ်ကုန်သည်များ ၀ယ်လိုအား ကောင်းလာခြင်းကြောင့် သကြားတစ်အိတ်လျှင် တရုတ်ငွေ ယွမ် ၁၈၀ (၃၆,၂၈၈ ကျပ်)မှ ၁၉၅ ယွမ် (၃၉,၁၉၅ ကျပ်)သို့ မြင့်တက်လာသည်။
ထို့အတူ စက်တင်ဘာအ တွင်း တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် မူဆယ် နယ်စပ်တွင် ဆန်တစ်အိတ်လျှင် ခုနစ်ယွမ် (၁,၄၁၁ ကျပ်) ဈေးမြင့် တက်လာသည်။
လက်ရှိ မူဆယ်မြို့တွင် နွေ (ရှယ်) အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၄၈ ယွမ် (၂၉,၈၃၆ကျပ်) နှင့် ငစိန်အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၃၅ ယွမ် (၂၇,၂၁၆ ကျပ်) ဈေးရှိသည်။
တရုတ်-မြန်မာ ငွေလဲနှုန်း သည် အောက်တိုဘာ ၁ ရက်တွင် မြန်မာကျပ် ၁,၀၀၀ လျှင် တရုတ်ငွေ ၄ ဒသမ ၉၆ ယွမ်ဈေးဖွင့်ပြီး တစ်ယွမ်လျှင် ၂၀၁ ဒသမ ၆ ကျပ် ဈေးရှိသည်။
Source: 7 days new