အိမ်နီးချင်းနိုင်ငံများဖြစ်သည့်
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့ စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
၎င်းအပြင် ကျိုင်းတုံနယ်စပ်စခန်းမှဒေါ်လာ နှစ်သန်းကျော်၊ တာချီလိတ်မှ ဒေါ်လာ လေးသန်းကျော်၊ မြ၀တီမှ ဒေါ်လာ ၁၁ သန်းကျော်၊ မြိတ်မှ ဒေါ်လာရှစ်သန်းကျော်၊ နဘုလယ်/ထီးခီးစခန်းမှ ဒေါ်လာခြောက်သန်းကျော်နှင့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၁၈ သန်းကျော် အသီးသီးလျော့ကျခဲ့ကြောင်း သိရပါတယ်။
ကုန်သွယ်မှုပမာဏ လျော့ကျခဲ့သည့်ကုန်သွယ်ရေးစခန်း
ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများတင်ပို့ခဲ့ပြီ
ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းရန် အစီအစဉ်များရှိကြောင်း သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၉၉ ဒသမ ၆၃၀ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်အလားတူ ကာလကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၄၀၇ ဒသမ ၇၂၇ သန်းရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ရှစ်သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ နဘုလယ်/ထီးခီးနှင့် တမူးစခန်းများမှ ကုန်သွယ်မှုပမာဏ လျော့နည်းခဲ့ကြောင်း သိရပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ ၂၂ ရက်အထိ ချင်းရွှေဟော်နယ်စပ်စခန်း၏ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅၇ ဒသမ ၄၇၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၉ သန်းကျော် လျော့နည်းခဲ့ကြောင်း သိရပါတယ်။
Source: Daily Eleven