Export & Import

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက သစ်ခွဲသားများကို ပြည်ပသို့ Export ပြုလုပ် ခြင်းကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ ထိခိုက်နစ်နာ

မန်မာ့သစ်လုပ်ငန်းတွင် ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် သစ်ကုန်ချော ထုတ်လုပ်မှုထက် သစ်ခွဲသားများကို ပြည်ပသို့ Export ပြုလုပ်နေခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုရှိနေကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။

ရန်ကုန်မြို့ International Business Center(IBC) ၌ အောက်တိုဘာလ၂ ရက်က ကျင်းပသည့် စက်မှုကုန်ကြမ်းရရှိရေး၊ တရားဝင် သစ်တောထွက် ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်၊ အခွန်နှင့် 
ဘဏ်လုပ်ငန်း စနစ်များတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် သစ်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် သစ်ခွဲသားများ တိုက်ရိုက်တင်ပို့ခြင်းထက် ပြည်တွင်း၌သစ်ခွဲစက်ရုံ တည်ဆောက်ခြင်း၊ သစ်အချောထည် ထုတ်လုပ်ခြင်း၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း စသည်တို့ကြောင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာများ ရရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမယ်ဆိုတာ လက်ခံမယ်။ ဒါပေမယ့် အမှန်တကယ် အဲ့ဒီ ကုမ္ပဏီတွေ အနေနဲ့ တခြား ကုမ္ပဏီတွေရော သစ်နဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့
ကုမ္ပဏီတွေ အနေနဲ့ ဘာကြောင့် တိုက်ရိုက်ခွဲသားတွေ ပို့နေတာလဲ။

အပြီးတိုင် ကုန်ချောတွေထုတ်ပေးမှ အန်ကယ်တို့အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာပြီး နည်းပညာရရှိလာမှာဖြစ်ပါတယ်။

ဒီခွဲသားတွေပို့မှ ရရှိလာမယ့်ငွေနဲ့ တန်ဖိုးမြင့်ထုတ်ကုန်က ရရှိတဲ့ငွေက မတူဘူး။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း အများကြီး ထိခိုက်စေတယ်“ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။

ကျွန်တော်တို့ ကျပ်ငွေနဲ့ရောင်းထားတဲ့ သစ်အားလုံးကို Export လုပ်ခွင့်မပြုဘူး။ ဒါ့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေက ကိုယ့်ဟာကိုယ်ရှင်သန်လို့ရပြီး ကန့်သတ်ချက် ပေးထားတာအတွက် Export လုပ်မယ့်သူကလည်း သူရဲ့လုပ်ပိုင်ခွင့်နဲ့သူဖြစ်ပါတယ်။

အမှန်ကတော့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေ ဝင်လာတယ်ဆိုတာ ကြောက်စရာတော့ မလိုပါဘူး။ ယှဉ်ပြိုင်လုပ်ရမှာဖြစ်ပါတယ်။

သို့ပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းလုပ်နေရင် ဘယ်လောက်ထိရောက်နေတယ်ဆိုတာ မသိနိုင်ဘူးဟု မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခွန်အောင်စိုးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source: The farmer

Read times
Rate this item
(0 votes)