Export & Import

တရုတ်ကုန်သည်များ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်တွင် အာမခံငွေကျပ်သိန်း ၆၀၀ ကျော် တင်ပြီးမှသာ ဝယ်ယူရန်သတ်မှတ်

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်သို့ လာရောက် ဝယ်ယူသည့် တရုတ်ကုန်သည် များ အောက်တိုဘာလကုန်ကစ၍ ကုန်စည်ဒိုင်တွင် အာမခံငွေကျပ်သိန်း ၆၀၀ ကျော်တင်ပြီးမှသာ ဝယ်ယူခွင့်ရတော့မည်ဟု ကုန်စည်ဒိုင်အတွင်းရေးမှူးက ပြောကြားသည်။

အခြားလယ်ယာထွက်ကုန် ရောင်းဝယ်ရေးလောကများမှ ငွေကြေးလိမ်လည်မှုများကဲ့သို့ မဖြစ်စေရန်၊ ဝယ်လက်များနှင့် ရောင်းချသူများကြား မျှတသည့် ဆက်ဆံရေးရရှိရန် တရုတ်ဝယ်လက်များ ကို အာမခံစပေါ်ငွေ တရုတ်ယွမ် သုံးသိန်း (မြန်မာ ကျပ်သိန်း ၆၂၀ ကျော်) ထားရှိစေရန် ဆုံးဖြတ်ရ ကြောင်း ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။

သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက အောက်တို ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ဝယ်လက် များနှင့် ညှိနှိုင်းခဲ့ကာ အာမခံငွေ ထားရှိရန် သဘောတူညီမှု ရခဲ့ ကြောင်း ဦးစိုင်းခင်မောင်က ပြော သည်။

‘‘တခြားလယ်ယာထွက်ကုန် ဆန်၊ ပဲ၊ ပြောင်းရောင်းဝယ်ရေး များကဲ့သို့ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များလို ပြဿနာကြီးကြီး မားမား မပေါ်သေးသော်လည်း လိမ်လည်မှုအသေးစားများနဲ့ ငွေကြန့်ကြာမှု အမှန်တကယ်ရှိနေ တာ၊ လိမ်လည်မှုအကြီးစားများ လည်း ပေါ်ပေါက်လာနိုင်တဲ့ ရှေ့ အလားအလာများကို စိတ်ရှည် လက်ရှည် ရှင်းပြရင်း အကြိတ်အ နယ် ဆွေးနွေးမှုရလဒ်ကောင်းများ ရခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။

ကုန်စည်ဒိုင်တွင် အာမခံ စပေါ်ငွေ ယွမ်သုံးသိန်းတင်ထား သူများကိုသာ သစ်သီးဝလံဝယ်ယူ ခွင့် ကတ်ထုတ်ပေးမည်ဟု ၎င်းကပြောသည်။ ဝယ်ယူခွင့်ကတ်မရှိ သူကို ရောင်းသည့် မြန်မာပွဲရုံများကိုလည်း ကုန်စည်ဒိုင်မှ ချက်ချင်းထုတ်ပယ်မည်ဖြစ်ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်ရရှိပြီးဖြစ်သည်ဟု ဆက်ပြောသည်။

‘‘အရင်ကတည်းက တရုတ် အေးဂျင့်တွေကို စပေါ်အာမခံငွေ တင်ဖို့ ကျွန်တော်တို့ဘက်က ပြောနေတာတော့ ကြာပါပြီ။ အခုမှ တကယ်ဖြစ်သွားတာပေါ့’’ဟု စစ် ကိုင်းတိုင်း ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသစ္စာ က ပြောသည်။

မူဆယ်  သစ်သီးဝလံ အ ရောင်းကွင်းတွင် သစ်သီးများကို ဝယ်လက်များက အမြန်ကြည့်ရှု ပြီး မျက်မြင်ဖြင့်သာ အရောင်းအ ဝယ်ညှိနှိုင်း၍ တရုတ်နိုင်ငံ ဝမ်တိန်မြို့ရောက်မှ သစ်သီးများ ကား ချင်းဖလှယ်ကာ အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နေသည့် စနစ်ဖြစ်ကြောင်း ဦးသစ္စာက ပြောသည်။ တရုတ်နိုင်ငံဘက်ရောက် ၍ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်ချိန်ရောက်မှ မူဆယ်တွင် သဘောတူထားသည့် အတိုင်း မဟုတ်တော့ဘဲ အကြောင်းအမျိုးမျိုးဖြစ်လာလျှင် အငြင်းပွားမှုများ မကြာခဏဖြစ်နေရကြောင်း ၎င်းက ဆိုသည်။

တရုတ်ဝယ်လက်များ အာမခံငွေ တင်ထားရတော့မည်ဖြစ်၍ ယင်းအငြင်းပွားမှုများ ပိုမိုဖြေရှင်းနိုင်တော့မည်ဟု ယူဆကြောင်း ဦးသစ္စာက ပြောသည်။

Source: 7 days new

Read times
Rate this item
(0 votes)