Export & Import

တရုတ်အစိုးရက ပိတ်လိုက်သည့် ဘဏ်စာရင်းတွင် ကုန်သွယ်မှုလုပ်ကိုင်သူများမပါဟုဆို

တရုတ်အစိုးရက ယခု ရက်ပိုင်းအတွင်း ပိတ်လိုက်သည့် မြန်မာနိုင်ငံသားဘဏ်စာရင်းများ သည် ငွေပို့ငွေလွှဲပြုလုပ်သည့်စာ ရင်းများဖြစ်ပြီး ကုန်သွယ်မှုလုပ် ကိုင်သူများ၏ ငွေစာရင်းမပါ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

ငွေကြေးခဝါချမှုနှင့် လောင်းကစားမှုများ စစ်ဆေးရန် အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ရွှေလီမြို့ရှိ တရုတ်ဘဏ်အချို့ တွင် ဖွင့်လှစ်ထားသောမြန်မာနိုင် ငံသားပိုင် ဘဏ်စာရင်းအချို့ကို တရုတ်အစိုးရက ပိတ်လိုက်သည်။ယခုတစ်ကြိမ် အပိတ်ခံရ သည့် ဘဏ်ငွေစာရင်း အရေအ တွက် ၃၀ မှ ၄၀ ကြားရှိသည်ဟု ကြားသိထားကြောင်း မူဆယ်မြို့ မှ ကုန်သည်အချို့က ပြောသည်။ မြန်မာနိုင်ငံသားများ၏ဘဏ်ငွေ စာရင်းအချို့အပိတ်ခံရသည်ဟု သတင်းများကြားသိသော်လည်း ငွေကြေးပမာဏမည်မျှရှိသည်ကို အတိအကျမသိရသေးကြောင်း ၎င်းတို့က ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ရရှိ သော အချက်အလက်များအရ အပိတ်ခံထားရသည့် ငွေစာရင်း များသည် ငွေလွှဲလုပ်ငန်းလုပ်ကိုင် နေသည့် လူပုဂ္ဂိုလ်ခုနစ်ဦး၏ငွေ စာရင်းများဖြစ်သည်ဟု ဦးရန်နိုင် ထွန်းက အောက်တိုဘာ ၂၂ ရက် တွင် 7Day Daily သတင်းစာကို ပြောသည်။

‘‘ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ငွေ စာရင်းတွေ မဟုတ်ဘူး။ ငွေလွှဲနေတဲ့ စာရင်းတွေပါ။ ဝန်ကြီးဌာနကို လည်း တရားဝင်အသိပေးထား တာမျိုးမရှိဘူး’’ဟု ၎င်းက ပြော သည်။  ယခုနှစ် ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း တရုတ်နိုင်ငံ ဘဏ်များရှိ မြန်မာကုန်သည်များ ၏ငွေစာရင်းတစ်ရာကျော်ကို တ ရုတ်အစိုးရက ပိတ်ခဲ့သည်။

တရုတ်အစိုးရက မြန်မာနိုင် ငံသို့ ငွေလွှဲပေးပို့နေသည့် တရုတ် နိုင်ငံဘဏ်သည် ဆန်၊ သကြား၊ ပြောင်းစေ့ ကုန်သည်များ၏ငွေစာ ရင်း ၁၀၀ ကျော်ကို ပိတ်လိုက်သ ဖြင့် မူဆယ်မြို့ရှိ ကုန်သည်များ အခက်ကြုံခဲ့ရသည်။

ထိုစဉ်က မြန်မာနိုင်ငံသား ဘဏ်ငွေစာရင်းများ အပိတ်ခံရ ခြင်းသည် တရုတ်နိုင်ငံရှိ အွန်လိုင်းလောင်းကစားမှုတစ်ခုကို တရုတ် ရဲက ဖော်ထုတ်နိုင်ပြီး အဆိုပါအမှု နှင့်ဆက်စပ်၍ တရုတ်ရဲက နိုင်ငံ ဘဏ်ငွေစာရင်း ငါးထောင်ကျော် ကို ပိတ်ရာတွင် လောင်းကစားမှု နှင့် စပ်ဆက်မှုမရှိသော ရွှေလီမြို့ ၌ မြန်မာနိုင်ငံသားများ ဖွင့်လှစ် ထားသည့်ဘဏ်ငွေစာရင်း ၁၃၂ ခု ပါဝင်ခြင်းဖြစ်သည်။

မြန်မာ ကုန်သည်များ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုနှင့် ပတ်သက်၍ ထိုအချိန်က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အခြေ စိုက် တရုတ်သံရုံး၊ ရွှေလီမြို့တော် ဝန်တို့ ပူးပေါင်းဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။

ထိုစဉ်က တရုတ်နိုင်ငံ၌ အ ပိတ်ခံထားရသည့် ဘဏ်ငွေစာ ရင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် မူဆယ်ဒေသခံ မြန်မာနိုင်ငံသား ကုန်သည်များက တရုတ်အစိုးရ ကို ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ဘဏ်စာရင်းများ ပြန်လည်ဖွင့် လှစ်ပေးခဲ့သည်။

Source: 7 days new

Read times
Rate this item
(1 Vote)