ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ တတိယ ပတ်အထိ ကန်ဒေါ်လာ ၁၇ ဘီလီ ယံကျော်ဖိုး ကုန်သွယ်ထားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူ ထက် ၂ ဒသမ ၈၆ ဘီလီယံ ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံနှင့် သွင်းကုန် ၉ ဒသမ ၉၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေသည် ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ကုန်သွယ်မှုစုစုပေါင်း၁၄ ဒသမ ၇ ဘီလီယံရှိပြီးကုန်သွယ် မှုလိုငွေသည် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ ထို့ကြောင့် ယခင်နှစ် ထက် ကုန်သွယ်မှု ပမာဏ ၃ ဘီလီယံခန့် ပိုများလာသလို ကုန် သွယ်မှု လိုငွေဒေါ်လာသန်း ၅၀၀ ဝန်းကျင် ပိုများလာခြင်းဖြစ်သည်။
‘‘ဒီနှစ်က လျာထားချက် ထက် ပိုမယ်မျှော်လင့်ထားတယ်။ အခုလည်း ကုန်သွယ်မှုက တက် လာတယ်။ နောက်လည်း တက်ဦး မယ်လို့ မျှော်လင့်ထားတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။
ယခုနှစ် ကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြင့်တက်လာပြီး နယ်စပ်ကုန် သွယ်မှုသည် ကန်ဒေါ်လာလေး ဘီလီယံခန့်ရှိသော်လည်း ပြီးခဲ့ သည့် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၂၄၀ ခန့် လျော့ နည်းခဲ့သည်။
ပို့ကုန်တွင် အထည်ချုပ် အပါအဝင် စက်မှုကုန်ချောတင်ပို့ မှုသည်ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၅၅၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၄၆ ဘီလီယံဖြစ်သည်။
သွင်းကုန်များတွင် စက်မှု ကုန်ထုတ်လုပ်မှုများအတွက် ကုန် ကြမ်းတင်သွင်းမှု ကန်ဒေါ်လာ ၃ ဒသမ ၈၉ ဘီလီယံကျော်ရှိပြီး အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံးသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ပစ္စည်းများ တင်သွင်းမှုဖြစ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် အကုန်တွင် ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလီယံရောက်ရှိ ရန် လျာထားပြီး ယင်းထက်ပိုမို မြင့်တက်ရန် အလားအလာရှိ ကြောင်း ဦးဝင်းချိုက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၂၇ ဘီလီယံရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၂၉ ဘီလီယံရှိခဲ့သည်။
Source: 7 days new