မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်ရှိလာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၆၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ
လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၇ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၄၀၆၈.၀၃၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ၄၁၄၆.၄၃၂ သန်း ပါဝင်ကြောင်း သိရပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၈၂၁၄.၄၆၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၂၉၈၈.၂၁၉ သန်း ပိုမိုခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာ
လက်ရှိဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၈၆၂.၂၉၄ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၀၃၅၂.၁၇၁ သန်း ပါဝင်ကြောင်း သိရပါတယ်။
သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက်များပြားနေသြ
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေအဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက် အရ သိရပါတယ်။
ယင်းဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၀၀၀ သန်းဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း၁၀၀၀ ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း
Source: Daily Eleven