Export & Import

နိုင်ငံတကာ၏ ဝေဖန်မှုများ ခံနေရသော်လည်း ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာလေးဘီလီယံခွဲရှိ

ရခိုင်ပြည်နယ်အကြမ်း ဖက်မှုပြဿနာကြောင့် နိုင်ငံတ ကာတွင် ဝေဖန်မှုများစွာရှိနေ သော်လည်း ယခုဘဏ္ဍာနှစ် ခုနစ် လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုခွင့်ပြုပေးသည့်ပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ပြဿနာ ကြောင့် နိုင်ငံတကာတွင် မြန်မာ နိုင်ငံ၏ ပုံရိပ်ကျဆင်းပြီး စီးပွား ရေးကဏ္ဍသို့ ရိုက်ခတ်မှုများရှိလာ နိုင်ကြောင်း ဝေဖန်မှုများရှိနေ သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုပမာဏသည် ပြီးခဲ့သည့် ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်ထက်ပိုများနိုင် ပြီး ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် ကော်မရှင်မှ လျာထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏခြောက်ဘီ လီယံကို ကျော်လွန်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

‘‘ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက် ရင်တော့ ရခိုင်ပြည်နယ်ပြဿနာ က ရေတိုမှာ ဘာမှထိခိုက်မှုမရှိ ဘူးလို့ပဲပြောချင်ပါတယ်။ ဒါပေမဲ့ ကာလကြာရှည်လာရင်အနောက် ဘက်က ၀င်လာမယ့်ရင်းနှီးမြှုပ်နှံ မှုတွေ တုံ့ဆိုင်းသွားနိုင်တယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အကြမ်းဖက်မှုပြဿနာများ ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခြေခံ အဆောက်အအုံပိုင်းမှစ၍ လို အပ်ချက်များစွာရှိနေပြီး လာမည့် သုံးနှစ်၊ လေးနှစ်အတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံရန် အဆင်သင့် မဖြစ်နိုင်သေးဟု ဦးအောင်နိုင်ဦး က ပြောသည်။

‘‘စီးပွားရေးလုပ်တဲ့သူတွေ က မြတ်မယ်ဆိုရင်လာမှာပဲ။ စီး ပွားရေးလုပ်သာကိုင်သာရှိဖို့ပဲ လို တယ်’’ ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

အာဆီယံနိုင်ငံများအပါအ ၀င် အာရှနိုင်ငံအများစုက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ အပြိုင်ဆွဲ ဆောင်နေချိန်တွင် မြန်မာနိုင်ငံက လည်း အခြေခံအဆောက်အအုံ ပြည့်စုံမှု အပါအ၀င်စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာရှိ စေရန် ဖန်တီးပေးနိုင်ရေးကအဓိ ကကျကြောင်း ၎င်းက ပြော ကြားသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော ၂၀၁၈ အတွက် စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး (Doing Business)နိုင်ငံစာရင်း တွင် မြန်မာသည်အဆင့်တစ်ဆင့် ထပ်မံကျဆင်းခဲ့သည်။

၂၀၁၈ Doing Business စာရင်းတွင် မြန်မာနိုင်ငံ၏အဆင့် သည် (၁၇၁)ဖြစ်ပြီး ၂၀၁၇ စာ ရင်းတွင် မြန်မာက အဆင့်(၁၇၀) ဖြစ်သည်။

‘‘အဆင့်ကျတာက ကိုယ်က ပြုပြင်ပြောင်းလဲမှုလုပ်တာ သူ များနိုင်ငံတွေထက် နည်းနည်းနှေး လို့ပါ’’ ဟု ဦးအောင်နိုင်ဦးက သုံး သပ်သည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ကိုင်ရန် အလွယ်ကူဆုံး အ ဆင့်သတ်မှတ်ရာတွင် စီးပွားရေး လုပ်ကိုင်ရန် အဆင့်များမှု၊ အချိန် ယူရမှု၊ ငွေအကုန်အကျများမှုစ သောအချက်များဖြင့် တိုင်းတာ ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာ၌ ကုမ္ပဏီဥပဒေကဲ့သို့ ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်း လဲမှုများပြုလုပ်ရန် ရှိနေသဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ကြောင်း ဦးအောင်နိုင်ဦး က ဆိုသည်။

Source: 7 days new

Read times
Rate this item
(0 votes)