နိုင်ငံခြားဖက်စပ်ကုမ္ပဏီ များကို လယ်ယာသုံးစက်ကိရိယာ များ ပထမဆုံးအကြိမ် တင်သွင်းရောင်းချခွင့်ပြုလိုက်ေ
ယခင်က အဆိုပါလုပ်ငန်း ကို ပြည်တွင်းကုမ္ပဏီများကိုသာ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ဖက်စပ်ကုမ္ပဏီများကို ပထမဆုံးအကြိမ်လုပ်ကိုင်ခွင့်ပြု
‘‘လယ်ယာကဏ္ဍဖွံ့ဖြိုးလာ စေဖို့ပါ။ ဖက်စပ်ကုမ္ပဏီကြီးတွေ အဆင့်မြင့်စက်ကိရိယာတွေပါ လာစေချင်လို့ပါ။ ပြည်တွင်းကုမ္ပဏီတွေက သူ့ဈေးကွက်သူပါ။ ပြည်တွင်း ကုမ္ပဏီတွေကို ထိ ခိုက်မယ် မထင်ပါဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။
လယ်ယာသုံး စက်ကိရိယာ များ တင်သွင်းရောင်းချမည့် ဖက်စပ်ကုမ္ပဏီများသည် အချက် လေးချက်နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုအချက်များသည် ဖက်စပ်ကုမ္ပဏီ ရောင်းဝယ်ရေးလိုင်စင်ရှိရမည်ြ
အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) အကြိုအဖြစ် ပြည် တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ် ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီ များသို့ ကုန်သွယ်မှုလုပ်ငန်းကို ၂၀၁၅ နိုဝင်ဘာတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စတင်ခွင့်ပြုခဲ့သည်။
ဖက်စပ် ကုမ္ပဏီများသို့ စတင်ကုန်သွယ်ခွင့်ပြုသည့် ကုန် ပစ္စည်းများသည် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ ဖြစ်သည်။
Source: 7 days new