Investment

Thursday, 28 March 2019 02:53

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၂၁ ခုခွင့်ပြု

မန္တလေးတိုင်းဝန်ကြီးချုပ်က ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီစတင်ဖွဲ့ စည်းချိန်ကစ၍ ၂၀၁၉ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၁ ခုအထိ စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောကြားချက်အရ သိရပါတယ်။

Tuesday, 26 March 2019 05:04

အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားလုပ်ငန်းအသစ် ၁၁ ခု ခွင့်ပြုခဲ့

ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၁ ခုအား ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။

Monday, 25 March 2019 09:40

ဘဏ္ဍာနှစ် ငါးလအတွင်းမှာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလ ငါးလတာအတွင်းမှာ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေးပမာဏ ပြန်လည်မြင့်တက်လာခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၀၁.၅၈၄ မီလီယံထိ ရရှိခဲ့ပါတယ်။

Friday, 15 March 2019 04:15

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော် စနေနေ့ စမည်

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် အစိုးရ၏ အားထုတ်မှု အနေဖြင့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ရန်ကုန်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပါတယ်။

Monday, 11 March 2019 06:44

MyCo စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့်ကုမ္ပဏီများ ယခုလကုန် နောက်ဆုံးထား ဆောင်ရွက်ရန်

အွန်လိုင်းစနစ် MyCo ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ယခုလ ၃၀ ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လုံးဝဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Friday, 08 March 2019 05:29

မြန်မာနိုင်ငံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် လုပ်ငန်းများ

မြန်မာနိုင်ငံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် လုပ်ငန်းများအား လေ့လာခြင်းစာတမ်းတို

Thursday, 07 March 2019 07:31

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ချိတ်ဆက်မယ့် စီမံကိန်းသစ်

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀-၂၁ ခုနှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်သောနှုန်းတစ်ခု ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားခဲ့ပါတယ်။

Monday, 04 March 2019 07:49

လေးလခွဲအတွင်း စီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၅၀ ကျော်စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးမြှုပ်နှံထား

လေးလခွဲအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၅၀ ကျော် အပါအဝင် ကျပ် ၇၃၆ ဘီလျံကျော်အထိ ရှိနေပြီး နှစ် ၃ဝအတွင်း အိမ်ခြံမြေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Friday, 01 March 2019 04:25

စီးပွားရေး ကဏ္ဍခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၈၀ ကျော်ခွင့်ပြု

လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း အပါအ၀င် ကဏ္ဍခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၈၀ ကျော်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။