Investment

Monday, 27 January 2020 04:41

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခု ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

Thursday, 23 January 2020 08:09

ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ သုံးနိုင်ငံကြား ရေအောက်ကေဘယ်တည်ဆောက်ရေးစီမံကိန်း စတင်

ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

Wednesday, 22 January 2020 09:57

2019 နောက်ပိုင်း စင်ကာပူတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် (7) နှစ်တာကာလအတွင်းအများဆုံးဖြစ်ခဲ့ပြီး အလုပ်အကိုင်ပေါင်း 32,000 ကျော်ဖန်တီးပေးနိုင်မည်

ကမ္ဘာစီးပွားရေးအခြေအနေမှာမသေချာမရေရာမှုများဖြစ်ပေါ်လျက်ရှိသော်လည်းစင်ကာပူသည် 2019 ခုနှစ်တွင်ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုပမာဏ (Fixed Asset ရင်းနှီးမြှုပ်နှံမှု-FAI) စင်ကာပူဒေါ်လာ 15.2 ဘီလီယံအထိဆွဲဆောင်နိုင်ခဲ့သည့်အတွက်စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိစင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ - EDB) ၏ကာလလတ်နှင့်ကာလရှည်လျာထားချက် (စင ်ကာပူဒေါ်လာ 8 ဘီလီယံမှ 10 ဘီလီယံအကြားထက်) များစွာမြင့်တက်ခဲ့ကြောင်း, 2018 ခုနှစ်တွင်ရင်းနှီးမြှုပ်နှံခဲ့ကြသည့်စင်ကာပူဒေါ်လာ 10.9 ဘီလီယံထက်လည်းပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး, 2012 ခုနှစ်နောက်ပိုင်းအများဆုံးရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ်စာရင်းဝင်ခဲ့ကြောင်းသိရှိရပါသည်။

Friday, 17 January 2020 07:44

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉၃၈၃ သန်း ဆောင်ရွက်နိုင် ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၇၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆၇၇ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၀၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၃၈၃ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Wednesday, 15 January 2020 10:27

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) အနေဖြင့် ထိုင်းကုမ္ပဏီများကို တောင်အာရှသို့ တိုးချဲ့ရန် တွန်းအားပေးလျက်ရှိ

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) အနေဖြင့် ထိုင်းကုမ္ပဏီများကို တောင်အာရှဈေးကွက်များသို့တိုးချဲ့ရန် အားပေးလျှက်ရှိပါသည်။ အကြောင်းမှာ နိုင်ငံများစွာတို့သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ လိုအပ်နေသောကြောင့်ဖြစ်ပါသည်။

Monday, 13 January 2020 08:31

စင်ကာပူ-နယူးဇီလန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အာဏာသက်ဝင်

စင်ကာပူနိုင်ငံ၏ ပထမဆုံး နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပြီး နယူး ဇီလန်နိုင်ငံ၏ ဒုတိယ မြောက်နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်သော စင်ကာပူ - နယူးဇီလန် အနီးကပ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Agreement between New Zealand and Singapore on a Closer Economic Partnership - ANZSCEP) သည် ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်အာဏာတည်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် မူလသဘောတူစာချုပ်ကို အဆင့်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှု များကို စတင်ပြုလုပ်ခဲ့ပြီး ထပ်ဆင့်ပြုပြင်မွမ်းမံထားသော သဘောတူစာချုပ် (The upgraded ANZSCEP) ကို ၂၀၁၉ ခုနှစ် မေ ၁၇ ရက်တွင် ပြန်လည်လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ The upgraded ANZSCEP သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပြီဖြစ် သည်။ အဆိုပါ The upgraded ANZSCEP အား လျင်မြန်စွာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ စာချုပ် အာဏာသက်ဝင်မှု မြန်ဆန်ခြင်းသည် တံခါးဖွင့်စီးပွားရေးစနစ်နှင့်စည်းမျဉ်း အခြေခံသော ကုန်သွယ်ရေး စနစ်များကို ဆက်လက် ထောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနှင့် နယူးဇီလန်တို့၏ ကတိက ဝတ်များကို ဖော်ပြနေကြောင်း၊ ခေတ် ကာလနှင့်လိုက် လျောညီထွေစွာ ပြန်လည်မွမ်းမံရေးထိုးခဲ့သော ယင်းသဘော တူစာချုပ်သည် ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချခြင်း၊ စည်းမျဉ် ထိန်း ကျောင်းမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုနှင့် အီလက်ထရောနစ်ကုန်သွယ်ရေး (E-Commerce) ကြိုပမ်းဆောင်ရွက်မှုများအား ဖွံ့ဖြိုး တိုးတက်စေပြီး နှစ်နိုင်ငံ လုံးမှ စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးကျေးဇူးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီးဖြစ်သူ Mr. Chan Chun Sing က ပြောကြားသည်။ ထို့ပြင် စင်ကာပူနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးပါဝင်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) အသစ်များနှင့် ကိုက်ညီမှုရှိသည့် ကုန်သွယ်ရေးစည်းမျဉ်း များနှင့် ပြဋ္ဌာန်းချက် များကို ယင်းသဘောတူစာချုပ်တွင် ထည့်သွင်းထားကြောင်း၊ စာချုပ်တွင် စည်းမျဉ်းထိန်းကျောင်း မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် E-Commerce ဆိုင်ရာများနှင့်ပတ်သက်၍ အခန်းသစ် (၂) ခုကို ထည့်သွင်းခဲ့ကြောင်း၊ မူလသဘောတူစာချုပ်တွင်ပါရှိခဲ့သော ကုန်စည်ကုန်သွယ် ရေး၊ လူ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး၊ ပင်ရင်း နိုင်ငံစည်းမျဉ်း၊ နည်းပညာဆိုင်ရာ အတားအဆီးများ၊ အကောက် ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှု လွယ်ကူချော မွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေး စသည့် အခန်း (၈)ခုကို ပြုပြင်မွမ်းမံခဲ့သည်။ ယခုသဘောတူစာချုပ်တွင် ပြောင်းလွယ်ပြင်လွယ်မှု ပိုမို ပြုလုပ်နိုင်သော ပင်ရင်းနိုင်ငံစည်းမျဉ်းကြောင့် အထူးသဖြင့် စင်ကာပူရှိအီလက်ထရောနစ်ပစ္စည်း၊ ဓာတုပစ္စည်း၊ ဆေးဝါး နှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ တင်ပို့သည့်ကုန်ပစ္စည်းရောက်ရှိမှု အပေါ် ၂၄ နာရီအတွင်း အကောက်ခွန်ရှင်းလင်းမှုနှင့် ထုတ် ယူနိုင်မှုတို့ကို ပြုလုပ်လာနိုင်ကြောင်း၊ နယူးဇီလန်တွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် စင်ကာပူလုပ်ငန်းများသာမက ဈေးကွက်တိုးချဲ့ရန် စောင့်ကြည့်နေသူများအတွက်လည်း အကျိုးကျေးဇူးရှိကြောင်း စင်ကာပူစီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်က သုံးသပ်ထားသည်။ Zawgyi ျဖင့္ဖက္ရႈ႕ရန္>>>>>>>>> စင္ကာပူ-နယူးဇီလန္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူစာခ်ဳပ္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ စတင္အာဏာသက္ဝင္ စင္ကာပူႏိုင္ငံ၏ ပထမဆုံး ႏွစ္ႏိုင္ငံလြတ္လပ္ေသာကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ျဖစ္ၿပီး နယူး ဇီလန္ႏိုင္ငံ၏ ဒုတိယ ေျမာက္ႏွစ္ႏိုင္ငံ လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာတူ စာခ်ဳပ္ျဖစ္ေသာ စင္ကာပူ - နယူးဇီလန္ အနီးကပ္ စီးပြားေရး ပူး ေပါင္းေဆာင္႐ြက္မႈသေဘာတူစာခ်ဳပ္ (Agreement between New Zealand and Singapore on a Closer Economic Partnership - ANZSCEP) သည္ ၂၀ဝ၁ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္တြင္ စတင္အာဏာတည္ခဲ့သည္။ ၂၀၁၇ ခုႏွစ္၊ ဇြန္လတြင္ မူလသေဘာတူစာခ်ဳပ္ကို အဆင့္ျမႇင့္တင္ႏိုင္ရန္ ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးညႇိႏႈိင္းမႈ မ်ားကို စတင္ျပဳလုပ္ခဲ့ၿပီး ထပ္ဆင့္ျပဳျပင္မြမ္းမံထားေသာ သေဘာတူစာခ်ဳပ္ (The upgraded ANZSCEP) ကို ၂၀၁၉ ခုႏွစ္ ေမ ၁၇ ရက္တြင္ ျပန္လည္လက္မွတ္ေရးထိုးခဲ့ၾကသည္။ အဆိုပါ The upgraded ANZSCEP သည္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁ ရက္ေန႔တြင္ စတင္အာဏာသက္ဝင္ခဲ့ၿပီျဖစ္သည္။ အဆိုပါ The upgraded ANZSCEP အား လ်င္ျမန္စြာ သေဘာတူလက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီး၊ စာခ်ဳပ္ အာဏာသက္ဝင္မႈ ျမန္ဆန္ျခင္းသည္ တံခါးဖြင့္စီးပြားေရးစနစ္ႏွင့္စည္းမ်ဥ္း အေျခခံေသာ ကုန္သြယ္ေရး စနစ္မ်ားကို ဆက္လက္ ေထာက္ခံ ေဆာင္႐ြက္လ်က္ရွိေၾကာင္း စင္ကာပူႏွင့္ နယူးဇီလန္တို႔၏ ကတိက ဝတ္မ်ားကို ေဖာ္ျပေနေၾကာင္း၊ ေခတ္ ကာလႏွင့္လိုက္ ေလ်ာညီေထြစြာ ျပန္လည္မြမ္းမံေရးထိုးခဲ့ေသာ ယင္းသေဘာ တူစာခ်ဳပ္သည္ ကုန္သြယ္ေရး အတားအဆီးမ်ားကို ေလွ်ာ့ခ်ျခင္း၊ စည္းမ်ဥ္ ထိန္း ေက်ာင္းမႈဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္မႈႏွင့္ အီလက္ထေရာနစ္ကုန္သြယ္ေရး (E-Commerce) ႀကိဳပမ္းေဆာင္႐ြက္မႈမ်ားအား ဖြံ႕ၿဖိဳး တိုးတက္ေစၿပီး ႏွစ္ႏိုင္ငံ လုံးမွ စီးပြားေရးလုပ္ငန္းမ်ားအေပၚ အက်ိဳးေက်းဇူးျဖစ္ထြန္း ေစမည္ျဖစ္ေၾကာင္း စင္ကာပူကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီး ဌာန ဝန္ႀကီးျဖစ္သူ Mr. Chan Chun Sing က ေျပာၾကားသည္။ ထို႔ျပင္ စင္ကာပူႏွင့္ နယူးဇီလန္ ႏွစ္ႏိုင္ငံလုံးပါဝင္ေသာ လြတ္လပ္ေသာကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ (FTA) အသစ္မ်ားႏွင့္ ကိုက္ညီမႈရွိသည့္ ကုန္သြယ္ေရးစည္းမ်ဥ္း မ်ားႏွင့္ ျပ႒ာန္းခ်က္ မ်ားကို ယင္းသေဘာတူစာခ်ဳပ္တြင္ ထည့္သြင္းထားေၾကာင္း၊ စာခ်ဳပ္တြင္ စည္းမ်ဥ္းထိန္းေက်ာင္း မႈဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈႏွင့္ E-Commerce ဆိုင္ရာမ်ားႏွင့္ပတ္သက္၍ အခန္းသစ္ (၂) ခုကို ထည့္သြင္းခဲ့ေၾကာင္း၊ မူလသေဘာတူစာခ်ဳပ္တြင္ပါရွိခဲ့ေသာ ကုန္စည္ကုန္သြယ္ ေရး၊ လူ၊ တိရစာၦန္ႏွင့္ အပင္ပိုးမႊားေရာဂါကင္းရွင္းေရး၊ ပင္ရင္း ႏိုင္ငံစည္းမ်ဥ္း၊ နည္းပညာဆိုင္ရာ အတားအဆီးမ်ား၊ အေကာက္ ခြန္ဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားႏွင့္ ကုန္သြယ္မႈ လြယ္ကူေခ်ာ ေမြ႕ေစေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဝန္ေဆာင္မႈႏွင့္ စီးပြားေရးလုပ္ငန္း ယွဥ္ၿပိဳင္မႈႏွင့္ စားသုံးသူအကာအကြယ္ေပးေရး စသည့္ အခန္း (၈)ခုကို ျပဳျပင္မြမ္းမံခဲ့သည္။ ယခုသေဘာတူစာခ်ဳပ္တြင္ ေျပာင္းလြယ္ျပင္လြယ္မႈ ပိုမို ျပဳလုပ္ႏိုင္ေသာ ပင္ရင္းႏိုင္ငံစည္းမ်ဥ္းေၾကာင့္ အထူးသျဖင့္ စင္ကာပူရွိအီလက္ထေရာနစ္ပစၥည္း၊ ဓာတုပစၥည္း၊ ေဆးဝါး ႏွင့္ စားေသာက္ကုန္ထုတ္လုပ္သည့္ လုပ္ငန္းမ်ားအတြက္ အက်ိဳးျဖစ္ထြန္းႏိုင္ေၾကာင္း၊ တင္ပို႔သည့္ကုန္ပစၥည္းေရာက္ရွိမႈ အေပၚ ၂၄ နာရီအတြင္း အေကာက္ခြန္ရွင္းလင္းမႈႏွင့္ ထုတ္ ယူႏိုင္မႈတို႔ကို ျပဳလုပ္လာႏိုင္ေၾကာင္း၊ နယူးဇီလန္တြင္ စီးပြားေရး လုပ္ငန္းေဆာင္႐ြက္ေနသည့္ စင္ကာပူလုပ္ငန္းမ်ားသာမက ေဈးကြက္တိုးခ်ဲ႕ရန္ ေစာင့္ၾကည့္ေနသူမ်ားအတြက္လည္း အက်ိဳးေက်းဇူးရွိေၾကာင္း စင္ကာပူစီးပြားေရး လုပ္ငန္းရွင္မ်ား အဖြဲ႕ခ်ဳပ္က သုံးသပ္ထားသည္။ MyanmarLogisticsGuide

Friday, 03 January 2020 03:46

သုံးလပတ္ အစီရင္ခံစာ (ပုံစံ -၁၀) အသစ္ျဖင့္ စမ္းသပ္အသုံးျပဳတင္ျပသြားရန္ အသိေပးေၾကညာျခင္း

၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လွယ်ကူ ချောမွေ့စေရန် ရည်ရွယ်၍ ကော်မရှင်မှ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ကဏ္ဍများအလိုက် ခွဲခြားခြင်းမရှိဘဲ ပုံစံတစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စမ်းသပ်ကာလ ၃လ အဖြစ် စမ်းသပ်အသုံးပြုမည်ဖြစ်ပါသည်။

Tuesday, 24 December 2019 10:28

တစ်ဒေါ်လာကို ဆယ်နှစ်တာ ရင်းနှီးမြှုပ်နှံပြီးသောအခါ

၂၀၂၀ ခုနှစ်သည် ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသည့်နှစ် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခု အစပြုသည့် နှစ်ဟုလည်း ဆိုနိုင်သည်။

Saturday, 21 December 2019 07:22

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

ျမန္မာႏိုင္ငံ ရင္ႏွီးျမွဳပ္ႏွံမႈေကာ္မရွင္၏ အစည္းအေဝးအမွတ္စဥ္ (၂၀ / ၂၀၁၉ ) အား ၂၀၁၉ ဒီဇင္ဘာ ၁၄ ရက္ေန႔တြင္ ရန္ကုန္ျမိဳ႕၊သစြာလမ္းရိွ ရင္ႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ႀကားမႈ ဦးစီးရံုးတြင္ ျပဳလုပ္ခဲ့ပါတယ္။