Investment

Monday, 16 December 2019 10:28

အမေရိကန်ဒေါ်လာ သန်း (၅၀) ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်ကဏ္ဍအပါအဝင် အမေရိကန်ဒေါ်လာ သန်း (၅၀) ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

Friday, 13 December 2019 10:14

ကုန်သွယ်ရေးတင်းမာမှု့ကြောင့် ကမ္ဘာလေကြောင်းလိုင်းများရဲ့အမြတ်အစွန်းလျော့ကျခဲ့

ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး စစ်ပွဲများ ပိုမိုကျယ်ပြန့်လာခြင်းကြောင့် လေကြောင်းလိုင်းများ၏ အမြတ်အစွန်းသည် ၂၀၁၉ ခုနှစ်တွင် မျော်မှန်းထားသည်ထက် လျင်မြန်စွာ ပိုမို၍ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာစက်မှု့လုပ်ငန်းဆိုင်ရာ အဖွဲက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

Friday, 06 December 2019 08:17

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်ထားသည့် သီလဝါ

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်မြှုပ်နှံမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁ ဒသမ ၃၉) ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရပါတယ်။

Monday, 02 December 2019 03:10

၂ နှစ်ကျော်ကာလအတွင်း ပမာဏအများဆုံး စီမံကိန်းငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့

ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းငါးခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုဝင်ဘာ ၂၉ ရက် တွင် ခွင့်ပြုခဲ့ပြီး ၂ နှစ်ကျော်အတွင်း ပမာဏအများဆုံး ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။

Thursday, 28 November 2019 10:39

ကန်ဒေါ်လာသန်း(၁၄၀)ကျော် စင်ကာပူရင်းနှီးမြှုပ်နှံမှု

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အိမ်ခြံမြေကဏ္ဍ၌ ဒုတိယဝင်ရောက်မှု အဖြစ် စင်ကာပူကုမ္ပဏီ Green Urban Ventures Company က ကန်ဒေါ်လာသန်း (၁၄၂) ကျော် ရင်းနှီးမြှုပ်နှံ၍ အိမ်ရာတည်ဆောက်ရေး စီမံကိန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။

Monday, 25 November 2019 05:31

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင်ရောက်လာရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထား

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင်ရောက်လာရန် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

Wednesday, 20 November 2019 03:11

မွန်ပြည်နယ်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးလာမည်

ယခုဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်တွင် စင်ကာပူလုပ်ငန်းများ ထပ်မံတိုးလာရန် စင်ကာပူရင်းနှီးမြှုပ်နှံမှုပြပွဲကို ဆောင် ရွက်မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် မြန်မာနိုင်ငံတွင် လက်ရှိအထိ အများဆုံးဖြစ်ပြီး ဒေါ်လာ ၂၂ ဘီလီယံကျော်ဖြင့် လုပ်ငန်း ၃၁၀ ကျော် လုပ်ကိုင်နေပါတယ်။

Saturday, 16 November 2019 04:00

အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခုနစ်ခုခွင့်ပြုခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခုနစ်ခုကို နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးက ခွင့်ပြုခဲ့ကြောင်း သိခဲ့ရပါတယ်။

Tuesday, 22 October 2019 04:39

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်ဝင်ရောက်လာခဲ့

မြန်မာနိုင်ငံအပေါ် နိုင်ငံ ရေးအမြင်မကြည်မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းသော်လည်း ယခုဘဏ္ဍာနှစ်၌ စံချိန်တင်ဝင်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောပြခဲ့ပါတယ်။