Investment

Monday, 21 October 2019 09:15

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀

လက်ရှိအချိန်အထိ မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ အနက် အာဆီယံဒေသတွင်း ကိုးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈ ဘီလျံကျော်ရှိပြီး စုစုပေါင်း ပမာဏ၏ ၄၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Wednesday, 16 October 2019 09:08

Chang ဘီယာကို ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်ဖြန့်ချိမည်

Chang ဘီယာစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မှာတည်ရှိပြီး ခေတ်မီစက်သစ်ကြီးတွေနဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဘီယာအရေအတွက် ဟက်တိုလီတာ (Hectolitre) ၅၀၀,၀၀၀ စတင်ထုတ်လုပ်ဖြန့်ချိနေပါပြီ။ ဖြန့်ဖြူးရာမှာလည်း အရောင်းမြှင့်တင်ရေး အစီအစဉ်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အသုံးပြုဆောင်ရွက်သွားမှာပါ။

Wednesday, 16 October 2019 03:50

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းတွင် တရုတ်နှင့် ဟောင်ကောင်မှ ပထမဆုံးရင်းနှီးမြှုပ်နှံ

ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နှင့် ဟောင်ကောင်တို့မှရင်း နှီးမြှုပ်နှံမှုလေးခု ရန်ကုန်တိုင်းသို့ ပထမဆုံးဝင် ရောက်လာခဲ့ပြီး စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပါ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းလေးခုက ကန်ဒေါ် လာ ၃ ဒသမ ၉ သန်းဖြင့် ရန်ကုန်တိုင်း၌ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါတယ်။

Monday, 07 October 2019 04:58

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင် လွင်က ပြောကြားသည်။

Friday, 04 October 2019 07:48

အမေရိကန်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်မည်

မြန်မာနိုင်ငံအတွင်းရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း USASEAN Business Council ဥက္ကဌဖြစ်သူ Mr. Alexandar C. Feldman က ပြောပါတယ်။

Tuesday, 01 October 2019 10:09

ယခုဘဏ္ဍာနှစ်ကုန်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်

၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဝင်ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြထားခဲ့ပါတယ်။

Thursday, 26 September 2019 10:13

မြန်မာ-စင်ကာပူနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသော စင်ကာပူနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးသဘောတူ စာချုပ်ကို စက်တင်ဘာ ၂၄ ရက် ကချုပ်ဆိုခဲ့ပါတယ်။

Thursday, 19 September 2019 09:27

ယခုဘဏ္ဍာနှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၄ ဒသမ ၄ ) ဘီလီယံနီးပါး ၀င်ရောက်ထား

လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်ပတ်အလိုတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၄ ဒသမ ၄)ဘီလီယံနီးပါးသာ ၀င်ရောက်ထားပြီး မျှော်မှန်းထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသို့ ရောက်ရှိရန် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ ကျော်လိုအပ်နေသေးကြောင်း သိရပါတယ်။

Monday, 16 September 2019 10:12

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာခုနစ်သန်းနီးပါးနှင့် ကျပ်သန်း ၃၈၀ ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု ခွင့်ပြုခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ခုနစ်သန်းနီးပါးနှင့် ကျပ်သန်း ၃၈၀ ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၇၄၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။