Investment

Thursday, 12 September 2019 10:48

ဧရာဝတီတိုင်းဒေသကြီးအနောက်ဘက်ကမ်းဒသတွင် ရေနက်ဆိပ်ကမ်း အပါအ၀င် အကြီးစားစက်မှုစီမံကိန်းများအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်

ဧရာဝတီ တိုင်းဒေသကြီး အနောက်ဘက်ကမ်းဒေသတွင် ရေနက်ဆိပ်ကမ်းအပါအ၀င် အကြီးစားစက်မှုဇုန်စီမံကိန်းများအား အပိုင်းလိုက် တည်ထောင်နိုင်ရန်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဆိုသည်။

Monday, 09 September 2019 11:00

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၇) ခုအား MIC အတည်ပြု/ခွင့်ပြု

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၀၀၀) နီးပါး ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၇) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က အတည်ပြု/ခွင့်ပြုပေးခဲ့ကြေင်း သိရပါတယ်။

Monday, 09 September 2019 08:46

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၄ ဒသမ ၁) ဘီလီယံကျော် ၀င်ရောက်

လက်ရှိဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄ ဒသမ ၁)ဘီလီယံကျော်ဝင်ရောက် ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

Monday, 09 September 2019 03:21

၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

၂၀၁၈ - ၁၉ ဘဏ္ဍာ နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် မျှော်မှန်းထားသည့် ပမာဏတိုင်းပြည့်မီရန် မသေချာတော့ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ဆိုခဲ့ပါတယ်။

Friday, 06 September 2019 05:11

မြန်မာ - ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်

မြန်မာ - ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Wednesday, 04 September 2019 07:16

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခု ဝင်ရောက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၁၄.၂၃၃ သန်းရှိတဲ့ ကဏ္ဍ ၃ ခုမှ လုပ်ငန်း ၆ ခု ကို ခွင့်ပြုပေးခဲ့ပါတယ်။

Monday, 02 September 2019 08:22

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို မြန်မာ့မီးရထားက ပြန်သုံးသပ်ကာ လမ်းအူကြောင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း Sandhi Governance Institute (SGI) က ထုတ်ပြန်လိုက်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

Monday, 02 September 2019 05:25

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခု အခွန်သက်သာခွင့်ပြုထား

ပြည်ထောင်စုအစိုးရက တင်သွင်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခုအား အခွန်သက်သာခွင့်ပြုထားသည်ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏ စိုးက သြဂုတ် ၂၈ရက်၌ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်ထောင်စုအစိုးရ သို့ ရှင်းလင်းတင်ပြစဉ် ပြောဆိုခဲ့ပါတယ်။

Thursday, 29 August 2019 11:10

ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်

မြန်မာနိုင်ငံရှိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအနက် ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထိုင်းနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်း မကြာမီ ပိုမိုဝင်ရောက်လာတော့မည်ဖြစ်ကြောင်း Myanmar Insight 2019 ဆွေးနွေးပွဲမှ သိရသည်။