Investment

Monday, 02 September 2019 08:22

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း

ဒေါ်လာ ၈ ဒသမ ၉ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကို မြန်မာ့မီးရထားက ပြန်သုံးသပ်ကာ လမ်းအူကြောင်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း Sandhi Governance Institute (SGI) က ထုတ်ပြန်လိုက်သည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

Monday, 02 September 2019 05:25

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခု အခွန်သက်သာခွင့်ပြုထား

ပြည်ထောင်စုအစိုးရက တင်သွင်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးပြုနိုင်မည့် လုပ်ငန်းနှစ်ခုအား အခွန်သက်သာခွင့်ပြုထားသည်ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏ စိုးက သြဂုတ် ၂၈ရက်၌ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်ထောင်စုအစိုးရ သို့ ရှင်းလင်းတင်ပြစဉ် ပြောဆိုခဲ့ပါတယ်။

Thursday, 29 August 2019 11:10

ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်

မြန်မာနိုင်ငံရှိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအနက် ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထိုင်းနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်း မကြာမီ ပိုမိုဝင်ရောက်လာတော့မည်ဖြစ်ကြောင်း Myanmar Insight 2019 ဆွေးနွေးပွဲမှ သိရသည်။

Saturday, 24 August 2019 05:06

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးဆမြင့်တက်လာ

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆမြင့်တက်ခဲ့ကာ ဒေါ်လာ တစ်ဘီလျံရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

Wednesday, 21 August 2019 05:26

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံဖိုရပ် ကျင်းပ

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရပ်ကို သြဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Thursday, 15 August 2019 04:56

အလုပ်အကိုင် (၂၆၉) ခု ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၂)ခုအား MIC ခွင့်ပြု

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း (၂၆၉) ခု ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၂)ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)မှ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

Wednesday, 07 August 2019 07:28

လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ ခွင့်ပြုရာတွင် အလုပ်အကိုင်အခွင့်အလမ်းများများ ပေးနိုင်သည့်လုပ်ငန်းများ ဦးစားပေးရွေးချယ်

ရန်ကုန်တိုင်းဒေသကြီးတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ခွင့်ပြုရာတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများများပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များအား ဦးစားပေးရွေးချယ်နေကြောင်း သြဂုတ် ၃ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။

Tuesday, 06 August 2019 08:58

လက်ရှိ ဘဏ္ဍာနှစ် (၁၀)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၃ ဒသမ ၇)ဘီလီယံနီးပါးအထိ ခွင့်ပြုထား

လက်ရှိဘဏ္ဍာနှစ် (၁၀)လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရကိန်ဒေါ်လာ ( ၃ ဒသမ ၇ ) ဘီလီယံ နီးပါး ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

Monday, 05 August 2019 10:30

တရုတ်နိုင်ငံ၏ မဟာဗျုဟာ စီမံကိန်းဖြစ်သော BRI နှင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် လုပ်ဆောင်နေ

MTSH (Myanmar Thilawa SEZ Holdings Public Limited) အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာမြောက် စီမံကိန်းဖြစ်သော BRI (Belt & Road Initiative) ဖြင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ လုပ်ဆောင်နေကြောင်း MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။