Investment

Tuesday, 06 August 2019 08:58

လက်ရှိ ဘဏ္ဍာနှစ် (၁၀)လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၃ ဒသမ ၇)ဘီလီယံနီးပါးအထိ ခွင့်ပြုထား

လက်ရှိဘဏ္ဍာနှစ် (၁၀)လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရကိန်ဒေါ်လာ ( ၃ ဒသမ ၇ ) ဘီလီယံ နီးပါး ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

Monday, 05 August 2019 10:30

တရုတ်နိုင်ငံ၏ မဟာဗျုဟာ စီမံကိန်းဖြစ်သော BRI နှင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် လုပ်ဆောင်နေ

MTSH (Myanmar Thilawa SEZ Holdings Public Limited) အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာမြောက် စီမံကိန်းဖြစ်သော BRI (Belt & Road Initiative) ဖြင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ လုပ်ဆောင်နေကြောင်း MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။

Friday, 02 August 2019 11:26

ဂျပန်မှ Daiwa က logistic ကဏ္ဍအပါအ၀င် မြန်မာမှ ပွင့်သစ်စလုပ်ငန်းများတွင် ကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံမှ ဒုတိယအကြီးမားဆုံး ငွေချေးစာချုပ်ပွဲစားလုပ်ငန်း ဖြစ်သော Daiwa Securities Group သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည်။

Thursday, 01 August 2019 10:26

ပြည်ပရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် စက်မှုလုပ်ငန်းများသို့ ဝင်ရောက်ခြင်းဖြင့် ဆောင်ရွက်မည်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan) အရ စက်မှုလုပ်ငန်းများအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို မြှင့်တင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

Thursday, 01 August 2019 04:17

မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းတွင် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံသည့် ကားထုတ်လုပ်တပ်ဆင်သည့် စက်ရုံ

မြေဧက တစ်သောင်းကျော်တွင် ကျပ်ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေး၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်က ပန္နက်တင် အခမ်းအနား ပြုလုပ်ကာ စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ တပ်ဆင် ထုတ်လုပ်သည့် လုပ်ငန်းများ ပြီးစီး၍ စက်ရုံစတင် ဖွင့်လှစ်ပွဲနှင့် ပထမဦးစွာ အသေးစား SUV အမျိုးအစား Q35 ကား မိတ်ဆက်ပြသပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 31 July 2019 04:57

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်

ရန်ကုန်တိုင်းသို့ လက်ရှိဘဏ္ဍာနှစ်တွင် ၀င်ရောက်လာသည့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း၏ ထက်ဝက်ကျော်သည် တရုတ်စီးပွားရေးလုပ်ငန်း များဖြစ်ကြောင်း တိုင်းရင်းနှီးမြှုပ်နှံ မှုကော်မရှင်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောခဲ့ပါတယ်။

Tuesday, 30 July 2019 03:09

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစိန်ခေါ်မှုများနှင့် လာမည့် နှစ် ၂၀ မျှော်မှန်းချက်

အစိုးရသစ်တက်ပြီး ၃၉ လ အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၆၀၇ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၇၂၉၉ ဘီလျံ ဝန်းကျင်ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှရရှိ သောစာရင်းများက ဆိုခဲ့ပါတယ်။

Saturday, 27 July 2019 07:17

ပြည်တွင်းစွမ်းအင်ကုမ္ပဏီတစ်ခုတွင် ကိုရီးယားကုမ္ပဏီ ၂ခုက ဒေါ်လာသန်း ၁၃၀နီးပါးရင်းနှီးမြှုပ်နှံ

ကိုရီးယားနိုင်ငံအခြေစိုက် SK ကုမ္ပဏီ၏လက်အောက်ခံ ကုမ္ပဏီ ၂ ခုဖြစ်သော SK Energy နှင့် SK Trading International တို့သည် မြန်မာပြည်၏ဒုတိယအကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်သော Best Oil Company (BOC) တွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

Saturday, 27 July 2019 07:05

တရုတ်နှင့်ဟောင်ကောင်တို့မှ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခြောက်ခုခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ် နှင့်ဟောင်ကောင်တို့မှ မတည်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၄၅ သန်း ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခြောက်ခုခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ညွှန်ကြားရေးမှူးဦးမျိုးခိုင်ဦးက ဇူလိုင် ၂၄ ရက်၌ ပြောဆိုခဲ့ပါတယ်။