Investment

MyCo စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့်ကုမ္ပဏီများ ယခုလကုန် နောက်ဆုံးထား ဆောင်ရွက်ရန်

MyCo စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့်ကုမ္ပဏီများ ယခုလကုန် နောက်ဆုံးထား ဆောင်ရွက်ရန် google

      အွန်လိုင်းစနစ် MyCo ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ယခုလ ၃၀ ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လုံးဝဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

      အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများသည် သတ်မှတ်အခကြေးငွေပေးဆောင်၍ ပြန်လည်မှတ်ပုံတင်ခြင်းကို ဦးစီးဌာန (ရန်ကုန်ရုံးချုပ်)တွင်သာ ဆောင်ရွက်ရမည်ဟု ကြေညာထားခဲ့ပါတယ်။၂၀၁၇ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီခြောက်သောင်းကျော်သည် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရပါတယ်။

 

      ထိုကဲ့သို့ မှတ်ပုံတင်ခြင်းကို ၂၀၁၈ သြဂုတ် ၁ ရက်မှ ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ကာလခြောက်လအတွင်း ယင်းတို့အနက် ကုမ္ပဏီ ၄၇,၀၀၀ ကျော်သာ ပြန်လည်မှတ်ပုံတင်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားခဲ့ပါတယ်။

 

      ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်တော့မည်ဖြစ်ပြီး ပြန်လည်မှတ်ပုံတင်ရာတွင်လည်း ပြန်လည်ထိန်းသိမ်းခြင်းအတွက် အခကြေးငွေပေးရမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါတယ်။‘‘စီးပွားရေး ဆက်လုပ်ချင်ရင် မှတ်ပုံတင်အသစ်တင်လိုက်ပါ။ မြန်မာတွေကရပါတယ်ဆိုတဲ့ အကျင့်ကိုတော့ အချိန်ပေးပြီးဖြစ်လို့ ဒီအချိန်မှာ မရတော့ဘူး’’ဟု ဦးမျိုးမင်းက ပြောခဲ့ပါတယ်။

 

      မှတ်ပုံတင်စာရင်းပယ်ဖျက်ခံရသည့် ကုမ္ပဏီများသည် တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျူတာစနစ်အတွင်း ၂ နှစ်ခန့် သိမ်းထားခံရမည်ဖြစ်ပြီး ထို ၂ နှစ်အတွင်း အဆိုပါအမည်ကို သုံးစွဲခွင့် ပေးမည်မဟုတ်ကြောင်း ဖေဖော် ဝါရီ ၇ ရက်က ထုတ်ပြန်ထားချက်အရ သိခဲ့ရပါတယ်။

 

၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ Myanmar Companies Online (MyCO) တွင် ကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

 

      အဆင့်(၁) အင်တာနက်စာမျက်နှာ www.myco.dica.gov.mm သို့ ဝင်ရောက်ပါ။(၁-၈-၂၀၁၈ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင်စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။)

 

      အဆင့်(၂) အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အသုံးပြုသူသည် MyCO ID ဖွင့်ရန် လိုအပ်သဖြင့် ၄င်းစာမျက်နှာတွင် အသုံးပြုသူ၏ သတင်းအချက်အလက်များ ဖြည့်သွင်းပါ။

 

      အဆင့်(၃) အီလက်ထရောနစ် မှတ်ပုံတင်စနစ်သို့ ဝင်ရောက်ရန် MyCO ID ဖြင့် LOGIN လုပ်ပါ။

 

      အဆင့်(၄) ကုမ္ပဏီအသစ် တစ်ခုမှတ်ပုံတင်ရန် ကုမ္ပဏီအမျိုးအစားပေါ်မူတည်၍ သတ်မှတ် ပုံစံရွေးချယ်ပါ။ ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအမည် ကိုရွေးချယ်ပါ။ ကုမ္ပဏီနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ဖြည့်သွင်း၍ ပေးပို့ပါ။

 

      အဆင့်(၅) ကုမ္ပဏီအသစ်တစ်ခု မှတ်ပုံတင်ပြီးကြောင်း သို့မဟုတ် ပြန်လည်မှတ်ပုံတင်ပြီးကြောင်း သင်၏ အီးမေးလ်သို့ ပြန်ကြားစာပေးပို့ပါမည်။ အင်တာနက် မူလစာမျက်နှာတွင် ရှိသောကုမ္ပဏီများရှာဖွေရန်နေရာတွင် ကုမ္ပဏီအမည် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင် အမှတ်ဖြင့် စစ်ဆေးနိုင်ပါသည်။

 

၂။ ကုမ္ပဏီများဆိုင်ရာကိစ္စများအတွက် www.dica.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

Source : 7 Day Daily,DICA

 

Myanmar Logistics Guide

Read 169 times
Rate this item
(1 Vote)