Investment

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၂၁ ခုခွင့်ပြု

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၂၁ ခုခွင့်ပြု google

မန္တလေးတိုင်းဝန်ကြီးချုပ်က ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီစတင်ဖွဲ့ စည်းချိန်ကစ၍ ၂၀၁၉ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၁ ခုအထိ စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောကြားချက်အရ သိရပါတယ်။

 

‘‘ဒါက ကျွန်တော်တို့အစိုးရ လက်ထက်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်းပြီးမှ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုကော်မတီဟာ တစ်ခါ တည်းအစည်းအဝေးထိုင်ပြီး အမှုတွဲတွေ ပြည့်စုံတယ်၊ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပြည့်စုံတယ်ဆိုရင် တစ်ခါတည်းခွင့်ပြု ကတ်ပြားပါ တစ်ပြိုင်တည်း ထုတ်ပေးပါတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောပြချက်အရ သိရပါတယ်။

 

မန္တလေးတိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ ဖေဖော်ဝါရီ အထိစာရင်းများအရ စက်မှုကဏ္ဍလုပ်ငန်း ၁၁ ခုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသုံးခု စုစုပေါင်း ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ကျပ် ၃၈ ဒသမ ၃၁ ဘီလီယံရှိကြောင်း ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

 

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ စက်မှုကဏ္ဍ လုပ်ငန်းငါးခု၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းတစ်ခု၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်းခုနစ်ခု ရင်းနှီးမြှုပ်နှံပြီး ပမာဏအနေဖြင့် ကန်ဒေါ်လာ ၂၀ ဒသမ ၁၅ သန်းရှိခဲ့တယ်။

 

တိုင်းဒေသကြီး ကော်မတီကခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်အခွင့်အလမ်း ၂,၁၂၇ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ ၁,၆၄၈ ခုဖန်တီးပေးနိုင်ခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် နိုင်ငံများထဲတွင် တရုတ်နိုင်ငံသည် ကန်ဒေါ်လာ ၁၅ သန်းဖြင့် အများဆုံးဖြစ်သည်။ဂျပန်နိုင်ငံသည် ကန်ဒေါ်လာ ၂ ဒသမ ၂၀၈ သန်းဖြင့် ဒုတိယနေရာတွင်ရှိနေကာ ကိုရီးယားနိုင်ငံသည်ကန်ဒေါ်လာနှစ်သန်း၊ ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၀ ဒသမ ၇၄၃ သန်း ဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားခဲ့တယ်လို့လဲ သိရပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items