Investment

နိုင်ငံခြား အာမခံကုမ္ပဏီငါးခုကို ပြည်တွင်း၌ စတင်လုပ်ကိုင်ခွင့်ပြု

နိုင်ငံခြား အာမခံကုမ္ပဏီငါးခုကို ပြည်တွင်း၌ စတင်လုပ်ကိုင်ခွင့်ပြု google

အမေရိကန်၊ ဂျပန် ကုမ္ပဏီများအပါအ၀င် နိုင်ငံခြား အသက်အာမခံကုမ္ပဏီငါးခုကို ပြည်တွင်း၌ ပထမဦးဆုံးလုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်တွင် ထုတ်ပြန်သည်။

 

ဟောင်ကောင်အခြေစိုက် AIA ကုမ္ပဏီ၊ အမေရိကန်အခြေ စိုက် Chubb Tempest Reins- urance ကုမ္ပဏီ၊ ဂျပန်အာမခံ ကုမ္ပဏီ Dai Ichi Life Insur- ance၊ ကနေဒါအခြေစိုက်Manu- factures Life ကုမ္ပဏီနှင့်Prude-ntial ဟောင်ကောင်ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရထားပြီး ၂၀၁၉ နှစ် ကုန်တွင် လုပ်ငန်းစတင်ခွင့်ရမည် ဖြစ်သည်။

 

ရွေးချယ်မခံရသော ကျန် ကုမ္ပဏီများသည် ပြည်တွင်းရှိ အသက်အာမခံလုပ်ငန်း ကုမ္ပဏီ များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် မည်ဖြစ်ပြီး အကျိုးတူပူးပေါင်းမှု တွင် နိုင်ငံခြားကုမ္ပဏီများက ရှယ် ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်သည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ပြီးခဲ့သည့်ဇန်န၀ါရီ ၂ ရက်ကြေညာချက်အရ နိုင်ငံခြား ကုမ္ပဏီများသည် အာမခံလုပ်ငန်း နှစ်မျိုးဖြစ်သည့် အသက်အာမခံ နှင့် အထွေထွေအာမခံလုပ်ငန်းတို့ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

 

အသက်အာမခံတွင် ရွေးချယ်ခွင့်နှစ်ခုရှိပြီး တစ်ခုသည် နိုင်ငံခြားသား အာမခံကုမ္ပဏီအ ဖြစ် ၁၀၀ ရာခိုင်နှုန်းပြည့်ဆောင် ရွက်နိုင်မည်ဖြစ်ပြီး နောက်တစ်ခုသည် ပြည်တွင်း၌ကိုယ်စားလှယ် ရုံးဖွင့်လှစ်ထားသည့် နိုင်ငံခြား အာမခံကုမ္ပဏီနှင့် ပြည်တွင်းအ သက်အာမခံကုမ္ပဏီတို့ ဖက်စပ် ဆောင်ရွက်နိုင်သည်။ အထွေထွေ အာမခံတွင် နိုင်ငံခြားကုမ္ပဏီများ ကို ပြည်တွင်းကုမ္ပဏီများနှင့်သာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အာမခံလုပ် ငန်းကို ပုဂ္ဂလိကသို့ ၂၀၁၃ တွင် လုပ်ကိုင်ခွင့်ပြုပြီး ကုမ္ပဏီ ၁၁ ခုကို စတင်ခွင့်ပြုခဲ့သည်။

 

Source : 7 Day

 

Myanmar Logistics Guide

 

 
Read times
Rate this item
(1 Vote)