Investment

ပြည်တွင်းမှာ စင်ကာပူ နဲ့တရုတ် အများဆုံး ရင်းနှီး မြှုပ်နှံထား

ပြည်တွင်းမှာ စင်ကာပူ နဲ့တရုတ် အများဆုံး ရင်းနှီး မြှုပ်နှံထား google

လက်ရှိပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက် လက်ဝင်ရောက်နေရာမှာ စင်ကာပူ နိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး  တရုတ်နိုင်ငံက ဒုတိယ အ များဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

 

DICA ရဲ့ ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးသန့်စင်လွင်က “နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု  အနေနဲ့ စင် ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းပေါင်း ၃၁၀ ခုနဲ့ အမေရိကန် ဒေါ်လာ  ၂၁ .၃၄၁ ဘီလျံ နဲ့ အများ ဆုံး ရင်းနှီးမြှုပ်နှံထားပြီး တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း ၃၄၃  ခုနဲ့ အမေရိကန်ဒေါ် လာ ၂၀ .၅၆၆ ဘီလျံ နဲ့ ဒုတိယ အ များဆုံး ရင်းနှီးမြှုပ်နှံထားတယ်” လို့ ပြောပါတယ်။

 


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့  အစည်းအဝေး အ မှတ်စဉ် (၈/၂၀၁၉) အပါအဝင် တစ် ပတ်အတွင်း ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ စပ်လျဉ်းပြီး မီဒီယာ တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ဗဏီများ ညွှန် ကြားမှု ဦးစီးဌာနရုံးမှာ တွေ့ဆုံ ရှင်း လင်းပါတယ်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

***************************


အစည်းအဝေးအမှတ်စဉ် (၈/ ၂၀၁၉) အပါအဝင် တစ်ပတ် အ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အဆို ပြုလုပ်ငန်း တစ်ခု၊ အတည်ပြု လုပ် ငန်း ၁၃ ခု စုစုပေါင်း ၁၄  ခု ခွင့်ပြုခဲ့ ပါတယ်။ အဲသည်လုပ်ငန်းတွေအ နက် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အဆိုပြု လုပ်ငန်း တစ်ခုရှိပါတယ်။

 

အခုအစည်းအဝေးကာလ အ တွင်း စုစုပေါင်း လုပ်ငန်း ၁၄ ခု က နေ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိ ကန် ဒေါ်လာ ၄၄ .၈၅၂ သန်းကို  ခွင့်ပြု/အတည်ပြုပေးခဲ့ပါတယ်။ အဲသည် လုပ်ငန်းတွေကနေ ပြည် တွင်းလုပ်သား အလုပ်အကိုင်အ ခွင့်အလမ်းပေါင်း ၇၇၈၉  ဦးကို ဖန်တီးပေးမှာ ဖြစ်ပါ တယ်။  ခွင့်ပြု / အတည်ပြုလုပ်ငန်း ၁၄ ခုမှာ စက်မှု ကဏ္ဍက ၁၂  ခု ၊ ပို့ဆောင်ဆက် သွယ်ရေးကဏ္ဍတစ် ခုနဲ့ ဟိုတယ် ကဏ္ဍတစ်ခုတို့ ဖြစ် တယ်။သည်ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ အတည်ပြုပေးခဲ့ တာ ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်း ၁၆၉  ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၄ရ့၁၅၈ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှီးမှု ပမာဏဟာ အမေရိကန် ဒေါ် လာ ၂၄၉၉့ ဝ၂၄ သန်း ဖြစ်ပါ တယ်။

 

အထူးစီးပွားရေး ဇုန် ဥပဒေ အ ရ အောက်တိုဘာ ၁ ရက်နေ့က နေ မေလ ၂၉ ရက်နေ့အထိ ရင်းနှီးမြှုပ် နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစု ပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၉၆့၅၇၀ သန်း ဖြစ်ပါတယ်။   အဲဒါ ဟာ နိုင်ငံ ရှစ်ခုကနေ လုပ်ငန်း ၁၄ ခု လာရောက် ရင်းနှီးမြှုပ်နှံတာ ဖြစ် တယ်။ ဂျပန်နိုင်ငံက လုပ်ငန်း လေး ခု၊ စင်ကာပူက တစ်ခု၊ ကိုရီးယား က နှစ်ခု၊ ထိုင်းက သုံးခု၊  ဟောင် ကောင် တစ်ခု၊ ပြင်သစ် တစ်ခု၊ ဩ စတြေးလျားက တစ်ခုနဲ့ ဆွစ်ဇာ လန်တစ်ခု စုစုပေါင်း ၁၄ ခု ရှိပါ တယ်။  အဲသည် လုပ်ငန်းတွေက တော့ စက်မှုကဏ္ဍ ၁၃ ခုနဲ့ ဝန် ဆောင်မှု ကဏ္ဍတစ်ခုတို့ ဖြစ်တယ်။

 

၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့က နေ မေလ ၂၉ ရက်နေ့အထိ စုစုပေါင်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အ မေရိကန်  ဒေါ်လာ ၂၆၉၅ .၅၉၄ သန်းဖြစ်တယ်။

 

မြန်မာနိုင်ငံသား   ရင်းနှီးမြှုပ်နှံမှု

******************************

တစ်ပတ်အတွင်း မြန်မာနိုင်ငံ သား ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ် ငန်း သုံးခု၊ အတည်ပြုလုပ်ငန်း ၁၃ ခု စုစုပေါင်း လုပ်ငန်း ၁၆ ခု  ခွင့်ပြု ခဲ့ ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြုလုပ်ငန်း သုံး ခု၊ အတည်ပြုလုပ်ငန်း နှစ်ခုရှိပါ တယ်။

 

ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိ ကန် ဒေါ်လာ ၅၅ .၃၉၅ သန်းအပါ အဝင် ကျပ် ၁၃၂၃၂၇ .၂၈၅  သန်း ခွင့်ပြုပေးခဲ့ပါတယ်။ အဲသည်  လုပ် ငန်းတွေကနေ ပြည်တွင်း လုပ် သား အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁၂၇၇ ဦးကို ဖန်တီးပေးမှာ ဖြစ်တယ်။ ခွင့်ပြု /အတည်ပြု လုပ်ငန်း ၁၆ ခုမှာ ပို့ဆောင်ဆက် သွယ်ရေးကဏ္ဍက တစ်ခု၊ စက်မှု ကဏ္ဍက ခုနစ်ခု၊ အိမ်ရာကဏ္ဍက တစ်ခု၊ မွေးမြူရေး နှင့် ရေ လုပ်ငန်း ကဏ္ဍ တစ်ခုနဲ့ အခြား  ကဏ္ဍက ခြောက်ခုဖြစ်ပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်နေ့ ကနေ မေလ ၂၉ ရက်နေ့အထိ မြန်မာနိုင် ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု/အ တည်ပြုပေးခဲ့တာတွေက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၇ ခု၊ အမေရိကန်  ဒေါ်လာ ၃၀၁ .၂၆၀ သန်း အပါအဝင် ကျပ် ၈၂၁၅၆၃့၂၈၆ သန်းဖြစ်တယ်။  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါ အ ဝင် ရင်းနှီးမြှုပ်နှံမှု   ပမာဏဟာ အ မေရိကန် ဒေါ်လာ ၃၆၇ .၃၉၈ သန်း အပါအဝင် ကျပ် ၁၀၃၉၃၁၀ .ဝ၉၅ သန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။

 

Source : kumudra

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items