Investment

သီလဝါအထူးစီးပွားရေးဇုန်တွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာ ကုမ္ပဏီ ၁၆ခုအထိ လာရောက်လုပ်ကိုင်နေပြီး အများစုမှာ ဂျပန်ကုမ္ပဏီများဖြစ်

သီလဝါအထူးစီးပွားရေးဇုန်တွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာ ကုမ္ပဏီ ၁၆ခုအထိ လာရောက်လုပ်ကိုင်နေပြီး အများစုမှာ ဂျပန်ကုမ္ပဏီများဖြစ် google

သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာကုမ္ပဏီ ၁၆ ခုအထိရှိနေပြီး အများစုမှာဂျပန်ကုမ္ပဏီများဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Ltd.(MTSH) မှ သိရပါတယ်။

 

“သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီးမြှုပ်နှံထားလျက်ရှိပါတယ်”ဟုမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားချက်မှ သိရပါတယ်။

 

သီလဝါအထူးစီးပွားရေးဇုန်တွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီများကို လုပ်ငန်းအလိုက်ကြည့်ပါက ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာကုမ္ပဏီ ၁၆ ခု၊ ထုပ်ပိုးမှုနှင့် ကွန်တိန်နာဆိုင်ရာကုမ္ပဏီ ၁၀ ခု၊ အထည် ချုပ်လုပ်ငန်းကုမ္ပဏီ ရှစ်ခု၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ ရှစ်ခု၊ အစားအသောက် နှင့် ဖျော်ရည်လုပ်ငန်းကုမ္ပဏီ ရှစ်ခု၊ လယ်ယာလုပ်ငန်းဆိုင်ရာကုမ္ပဏီ ရှစ်ခု၊ မော်တော်ကားဆိုင်ရာကုမ္ပဏီ ငါးခု၊ လျှပ်စစ်ဓာတ်အား ဆိုင်ရာကုမ္ပဏီ ငါးခု၊ ဆေးဝါးဆိုင်ရာကုမ္ပဏီ ခြောက်ခု၊ ဖိနပ်နှင့် အပိုပစ္စည်းစက်ရုံ လုပ်ငန်းကုမ္ပဏီ သုံးခု၊ သင်္ဘောဆေးလုပ်ငန်း ကုမ္ပဏီ လေးခု၊ စက်ရုံဂက်(စ်)လုပ်ငန်း ကုမ္ပဏီ နှစ်ခု၊ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ လေးခုနှင့် မြေယာဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ တစ်ခု စသည်တို့ဖြစ်ကြပါတယ်။

 

ထို့ပြင် အခြားလုပ်ငန်းများမှာ ကုန်သွယ်ရေးလုပ်ငန်း၊အအေးခန်းသိုလှောင်ရုံလုပ်ငန်း၊ စက်ရုံသုံးဂတ်စ်လုပ်ငန်း၊ အလုပ်ရုံသုံး စက်ကိရိယာသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဖုန်းတာဝါတိုင်လုပ်ငန်း၊ အိမ်သုံးပစ္စည်း ထုတ်ကုန်များနှင့် ပလတ်စတစ်ပုံသွင်းလုပ်ငန်း၊ စက်ရုံစွန့်ပစ်ပစ္စည်း ရှင်းလင်းရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ငှားရမ်းလုပ်ငန်း စသည်တို့သည်လည်း ကုမ္ပဏီ တစ်ခုစီရှိကြကြောင်း သိရပါတယ်။

 

နိုင်ငံအလိုက်မြှုပ်နှံထားမှုတွင် ဂျပန် နိုင်ငံမှကုမ္ပဏီ ၅ဝ၊ ထိုင်းကုမ္ပဏီ ၁၄ ခု၊ ကို ရီးယားကုမ္ပဏီ ခြောက်ခု၊ ထိုင်ဝမ် ကုမ္ပဏီ ငါးခု၊ စင်ကာပူကုမ္ပဏီ သုံးခု၊ မလေး ရှားကုမ္ပဏီ သုံးခု၊ မြန်မာကုမ္ပဏီ လေးခု၊ အ မေရိကန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြေးလျ၊ အော်လန်၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်အိန္ဒိယ နိုင်ငံတို့မှ ကုမ္ပဏီတစ်ခုစီ ဝင်ရောက်လုပ် ကိုင်လျက်ရှိကြောင်း သိရပါတယ်။

 

ReadMore - ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုအား ထပ်မံခွင့်ပြု

 

Source ; Eleven

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)