Investment

လက်ရှိဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် စင်္ကာပူနိုင်ငံမှ အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံ၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ထက်ဝက်ကျော်ရှိ

လက်ရှိဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် စင်္ကာပူနိုင်ငံမှ အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံ၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ထက်ဝက်ကျော်ရှိ google

လက်ရှိဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏအများဆုံးအဖြစ် စင်္ကာပူ နိုင်ငံမှ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်းရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဘဏ္ဍာရေးနှစ်ဖြစ်သည့် (၉)လအတွင်း စင်္ကာပူနိုင်ငံ ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း (၂၄၀) ကျော်ရှိပြီး ရင်းနှီးမြုပ်နှံမှု ပမာဏအားလုံး၏ ထက်ဝက်ကျော်ရှိကြောင်း သိရပါတယ်။

 

ယခု ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် စကာင်္ပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၁) ခု ၀င်ရောက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏ အဖြစ် အမေရိကန်ဒေါ်လာ (၄၄၅.၆) သန်းကျော်ရှိကြောင်း သိခဲ့ရပါတယ်။

 

“မန္တလေးမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပိုလာတော့ SME တွေ အလုပ်ဖြစ်လာတယ်၊ အလုပ်အကိုင်အခွင့် အလမ်းတွေ များလာတယ်”ဟု ဒေါ်နွယ်နီဦးက ပြောခဲ့ပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်္ကာပူနိုင်ငံ၏ နောက်တွင် ဟောင်ကောင် မှ ဒုတိယအများဆုံးနှင့် တတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

 

စင်္ကာပူနိုင်ငံအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးကဏ္ဍ (Telecommunications)တွင် အဓိက ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ သိရပါတယ်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအနေဖြင့် စက်မှုလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေဆိုးသန့်စင်လုပ်ငန်း၊ မန္တလေးလေဆိပ် အဆင့်မြင့်တင်လုပ်ငန်းများ၊ ကျွဲဆည်ကန်ကားကြီးကွင်း အဆင့်မြင့်တင်လုပ်ငန်းများ၊ ယာဉ်ရပ်နားစခန်းများ ပါဝင်ကြောင်း သိရပါတယ်။

 

လက်ရှိအထိ မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(FDI) နိုင်ငံပေါင်း (၁၆) နိုင်ငံမှ လုပ်ငန်းပေါင်း (၇၅) ခု လုပ်ကိုင်နေပြီး ရင်းနှီးမြုပ်နှံမှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်း (၃၉၀၀) ကျော် ရင်းနှီးမြုပ်နှံထားကြောင်း DICA မှ သိရပါတယ်။

 

Source : BE NEWS

 

Myanmar Logistics Guide

 

 

 

Read times
Rate this item
(1 Vote)