Investment

ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း- MIC ခွင့်ပြုမိန့် နှင့် ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့်

ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း- MIC ခွင့်ပြုမိန့် နှင့် ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့် google

ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်းလုပ်ငန်းစဉ် အမျိုးအစား ၂ ခုကို မိတ်ဆက်ပေးထားရာ တစ်ခုမှာ MIC ခွင့်ပြုမိန့်ဖြစ်ပြီး အခြားတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့် ပဲ ဖြစ်ပါတယ်။ ယင်းတို့ကို ယေဘုယျအားဖြင့် MIC ခွင့်ပြုမိန့် လုပ်ထုံးလုပ်နည်းနှင့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့် လုပ်ထုံးလုပ်နည်းဟု ရည်ညွှန်းထားပါတယ်။ ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့် လုပ်ထုံးလုပ်နည်းမိတ်ဆက်သည် သိသာထင်ရှားစွာ ရှင်းလင်းလွယ်ကူပြီး မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းကို လွယ်ကူချောမွေ့စေပါတယ်။ MIC ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် နှစ်မျိုးစလုံးအား လျှောက်ထားရန်မလိုအပ်ပါ။

 

MIC ခွင့်ပြုမိန့်

 

MIL မတိုင်မီက MIC ၏ ကင်းလွတ်ခွင့် သက်သာခွင့် ရယူလိုသော မည်သည့် ရင်းနှီးမြှုပ်နှံသူမဆို စီးပွားရေးလုပ်ငန်း ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ MIC ခွင့်ပြုမိန့် အတွက် MIC သို့ အဆိုပြုချက်တင်သွင်းခဲ့ရပါတယ်။

 

MIL အရ အနည်းငယ်မျှလောက်သော အဆိုပြုချက်များကိုသာ MIC က စိစစ်ခွင့်ပြုမည်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများသည်ကော်မရှင်သို့ အဆိုပြုချက်တင်သွင်းရမည်ဖြစ်ပြီး နည်းဥပဒေတွင်ဖော်ပြထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ခွင့်ပြုချက်ရပြီးသည်နှင့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပါတယ်။ ထိုလုပ်ငန်းများမှာ (က) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊ (ခ) မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၊ (ဂ) သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ်ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ (ဃ) နိုင်ငံတော်ပိုင် မြေနှင့် အဆောက်အဦးများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ (င) ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့ က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်ကြပါတယ်။

 

<<<<< အတည်ပြုမိန့်လျှောက်ထားပုံအဆင့်ဆင့် >>>>>

 

ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်

 

ရင်းနှီးမြှုပ်နှံသူများသည် အထက်တွင်ဖော်ပြထားသကဲ့သို့ (MIL ၏ ပုဒ်မ ၃၆ အရ) MIC ခွင့်ပြုမိန့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများတွင် မပါဝင်လျှင် ရင်းနှီးမြှုပ်နှံသူများသည် MIC သို့ အဆိုပြုချက်တင်ပြရန် မလိုအပ်ပါ။

 

သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း ၁၂ ပါ မြေအသုံးပြုမှုခွင့်နှင့် ဥပဒေ၏ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တို့ပါ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များအား ခံစားနိုင်ရန် ရင်းနှီးမြှုပ်နှံသူများက အတည်ပြုမိန့် လျှောက်ထားမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။

 

Writen By B.B (Myanmar Logistics Guide)

 

Read times
Rate this item
(0 votes)