Investment

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ (၁၂) ခု ၀င်ရောက်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ (၁၂) ခု ၀င်ရောက် google

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဇုန်စီမံကိန်း၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍ (၁၂) ခု ၀င်ရောက် လုပ်ကိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောပါတယ်။

 

“မန္တလေးမြို့မှာလုပ်ကိုင်မဲ့ စက်မှုဇုန်လုပ်ငန်းတွေအတွက် နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ မြေနေရာလိုသလောက်ရနိုင်တာ မြို့သာစက်မှုဇုန်မှာရှိတော့ ခုဆိုရင် အဲ့နေရာမှာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ ရောက်နေကြပြီ“ဟု ဒေါ်နွယ်နီဦးက ပြောပါတယ်။

 

 ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

အဆိုပါ မြို့သာစက်မှုဇုန်တွင် ရင်းနှီးမြုပ်နှံသည့် နိုင်ငံခြားကမ္ပဏီများအား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ထုတ်ပေးပြီး လုပ်ငန်းများ လုပ်ကိုင်ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရပါတယ်။

 

မြို့သာစက်မှုဇုန်တွင် တရုတ်၊ စင်္ကာပူ၊ နယ်သာလန်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာပြီး စက်မှုလုပ်ငန်းများဖြစ်သည့် မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်း၊ အဆင့်မြင့် စားသောက် ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ CMP ဖိနပ်လုပ်ငန်း၊ တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်း စသည့် အခြားဝန် ဆောင်မှုလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

<<< သီလဝါအထူးစီးပွားရေးဇုန်တွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာ ကုမ္ပဏီ ၁၆ခုအထိ လာရောက်လုပ်ကိုင်နေ >>>

 

 

မြို့သာစက်မှုဇုန်စီမံကိန်း၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု(FDI) ပမာဏအားဖြင့် အမေရိကန်ဒေါ်လာသန်း (၆၀၀)ကျော် ရင်းနှီးမြုပ်နှံထားကြောင်း DICA ၏ စာရင်းများအရ သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့သာစက်မှုဇုန်စီမံကိန်းကို ရင်းနှီးမြုပ်နှံမှုဥပဒေအရ ယခင်အစိုးရ လက်ထက် ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၌ မြန်မာနိုင်ငံ ရင်းနှီးမြုပ် နှံမှုကော်မရှင်(MIC) ပါမစ် ရရှိခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ခုပါတယ်။

 

“ယခင်အစိုးရလက်ထက်ကနေစပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ၊ ဒီစီမံကိန်းက တိုင်းအစိုးရအဖွဲ့ရဲ့ ကြီးကြပ်စီမံခန့်ခွဲ့မှုနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းတစ်ခုပါ၊ လက်ရှိမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်နေပါပြီ”ဟု ဒေါ်နွယ်နီဦးက ရှင်းပြပါတယ်။

 

မြို့သာစက်မှုဇုန် စီမံကိန်း၏အားသာချက်အနေဖြင့် အနီးတွင်ဆီမီးခုံဆိပ်ခံတံတားအကောင်အထည် ဖော်ဆောင်ရွက်နေသဖြင့် ရေကြောင်းနှင့် သယ်ယူပို့ဆောင်သည့်လုပ်ငန်းများအတွက်အဆင်ပြေနိုင်မည် ဖြစ်ပါတယ်။ယင်းအပြင် အမြန်လမ်းနှင့် မြို့သာစက်မှုဇုန်အကြား နာရီဝက်အတွင်း ရောက်နိုင်သည့် လမ်းသစ်ဖောက်လုပ်နေကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

မန္တလေးတိုင်းအတွင်း အိန္ဒိယနိုင်ငံမှရင်းနှီးမြှပ်နှံမှုများပိုမိုပြုလုပ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဖိတ်ခေါ်

 

Source ; BE News

 

Myanmar Logistics Guide

 

Read times
Rate this item
(1 Vote)

Related items