Investment

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစိန်ခေါ်မှုများနှင့် လာမည့် နှစ် ၂၀ မျှော်မှန်းချက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစိန်ခေါ်မှုများနှင့် လာမည့် နှစ် ၂၀ မျှော်မှန်းချက် google

အစိုးရသစ်တက်ပြီး ၃၉ လ အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၆၀၇ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၇၂၉၉ ဘီလျံ ဝန်းကျင်ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှရရှိ သောစာရင်းများက ဆိုခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနိုင်ငံ သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၅၈၀၀ အထိ ဝင်ရောက်ရန်ရည်မှန်းထားခဲ့ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၇၄ ဒသမ ၅၂၁ သန်း ဝင်ရောက်ထားကြောင်း သိရပါတယ်။ထို့ကြောင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လကျော်သာကျန်ရှိတော့သည့်အချိန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏဒေါ်လာ ၂၃၂၅ သန်း ကျော် ထပ်မံဝင်ရောက်ရန်လိုအပ်နေသည်ကို တွေ့ရပါတယ်။

 

လက်ရှိဘဏ္ဍာနှစ်၏ လျာထားချက် ပြည့်မီရန် နှစ်လခန့်အတွင်း ဒေါ်လာ သန်း ၂၃၀၀ ကျော်ရှာဖွေရ မည့်အခြေအနေမှာ စိန်ခေါ်မှုများရှိနေသည်ဟု မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က မှတ်ချက်ပြုထားခဲ့ပါတယ်။

 

အပြိုင်အဆိုင် ဖိတ်ခေါ်လာကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအရေးပါပါတယ်။ သို့သော် မည်သို့သော FDI များကို များများ ဖိတ်ခေါ်သင့်ပြီး မည်သို့သော FDI များကိုမူ ဖိတ်ခေါ်ရန်မသင့်ဟူသည်မှာ စဉ်းစားပြီး လုပ်ဆောင်ရန် လိုအပ်ပါတယ်။FDI ဆိုရုံဖြင့် အရေးပါသည်ဟု လှေနံဓားထစ်ပြော၍မရကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ပါတယ်။

 

နည်းပညာများ လွှဲပြောင်းပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းလိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည့်ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေရှာဖွေပေးမည့် FDI များ၊ ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် FDIများနှင့် ယင်းသို့ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ Global Supply Chain ထဲသို့ ဝင်ရောက်သွားမည့် FDIများဖြစ်ရန် အရေးကြီးပါတယ်။

 

“တချို့ FDI တွေက ဈေးပေါပေါ၊ လုပ်သားပေါပေါနဲ့ ပြည်တွင်းဈေးကွက်ထဲမှာ အမြတ်ထုတ်ပြီး စောစောကပြောတဲ့ သူတို့ငွေတွေကို ပြန်ထုတ်သွားတဲ့ FDI မျိုးတွေ လည်းရှိတယ်။ အဲဒါမျိုးကိုတော့ သေချာစဉ်းစားရမယ်။သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် FDI မျိုးကို လက်မခံရဘူး။ ယဉ်ကျေးမှု ကိုပျက်စီးသွားစေမယ့် FDI မျိုးကို လက်မခံရဘူး” ဟု ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။

 

လက်ရှိတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို အပြိုင်အဆိုင်ဖိတ်ခေါ်နေကြသည်။ အမေရိကန်ကဲ့သို့ နိုင်ငံမျိုးဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ တရုတ်ဖြစ်စေ မြန်မာနိုင်ငံထက် စီးပွားရေးများစွာ ဖွံ့ဖြိုးနေသည့်နိုင်ငံများကပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေကြပါတယ်။မိမိနိုင်ငံသားများအား မိမိနိုင်ငံအတွင်း ပြန်ပြီးရင်းနှီးမြှုပ်နှံအောင် ဆွဲခေါ်လျက်ရှိကြသည်။ အမေရိကန်ပင်လျှင် ထရန့်အစိုးရတက်လာပြီး နောက်ပိုင်း ပြင်ပသို့ထွက်၍ရင်းနှီးမြှုပ်နှံနေသည့်နိုင်ငံသားများကို အမေရိကန်တွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် ပေါ်လစီမျိုးစုံဖြင့် တိုးမြှင့်အောင်လုပ်ဆောင်လာသည်ကို တွေ့ရပါတယ်။

 

ယခုနှစ်ပိုင်းအတွင်း ကမ္ဘာ့ Supply Chain သည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ဥပမာ အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲပုံစံဖြင့် စတင်လိုက်သည့်အခြေအနေက များစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်နိုင်ငံက OBOR, BRI ကို အကောင်အထည်ဖော်နေသကဲ့သို့ ဥရောပက အီတလီကဲ့သို့ နိုင်ငံပင်လျှင် BRI တွင် ပါဝင်၍ ဆောင်ရွက်လာသည်ကို တွေ့ရပါတယ်။ ယင်း၏ နောက်ဆက်တွဲမှာ ကုန်သွယ်ရေး အားပြိုင်ခြင်းမျိုးမဟုတ်တော့ဘဲ ငွေကြေးအားပြိုင်မှု ဖြစ်ပေါ်လာသည်အထိ တွေ့ရပါတယ်။

 

“တရုတ်ငွေကြေးနဲ့ အမေရိကန်ဒေါ်လာအကြား ပြိုင်ဆိုင်လာတာတွေ့ရတယ်။ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ငွေကြေးဈေးကွက်ထဲမှာ တဖြည်းဖြည်းနဲ့ ထိုးဖောက်လာတာတွေ့ရတယ်။ ဒေါ်လာဖြစ်ဖြစ်၊ ယွမ် ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ငွေကြေးက လူများများသုံးမှ တန်ဖိုးရှိတာကိုး။ အဲဒါဖြစ်လာတော့ FDI ဆိုတာက ဘယ်နိုင်ငံမှာ FDI လုပ်ကြမလဲဆိုတာရှိလာတယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးသည်လည်း ကမ္ဘာ့စီးပွားရေးလမ်းကြောင်း ဦးတည်ရာနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရိုက်ခတ်မှုများရှိခဲ့ပါတယ်။ အမေရိကန်၊ တရုတ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစသည့်နိုင်ငံကြီးများ၏ စီးပွားရေးစက်ဝန်းသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားသည့် သက်ရောက်မှုများဖြစ်စေခဲ့ပါတယ်။

 

ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်

 

Source : Eleven

 

Myanmar Logistics Guide

 

Read times
Rate this item
(1 Vote)