Investment

ပြည်ပရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် စက်မှုလုပ်ငန်းများသို့ ဝင်ရောက်ခြင်းဖြင့် ဆောင်ရွက်မည်

ပြည်ပရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် စက်မှုလုပ်ငန်းများသို့ ဝင်ရောက်ခြင်းဖြင့် ဆောင်ရွက်မည် google

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan) အရ စက်မှုလုပ်ငန်းများအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို မြှင့်တင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက တာဝန်ယူကာ နှစ် ၂၀ ကြာဆောင်ရွက်မယ့် စီမံကိန်းဖြစ်ကြောင်း သိရပါတယ်။

 

''ဒီစီမံကိန်းအရ စက်မှုလုပ်ငန်းကို မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။ စီမံကိန်းအောက်မှာ ကော်မတီ ငါးခုရှိတယ်။ ဒီကော်မတီငါးခုမှာလည်း စက်မှုကဏ္ဍမြှင့်တင်ရေးကော်မတီဆိုတာ စပြီးအသက်ဝင်လှုပ်ရှားနေပါပြီ။ စက်မှုကဏ္ဍဘက်ကို ဦးစားပေးပြီး တိုးလာမှာပါ" လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဟာ ဥပဒေခိုင်မာမှု၊ လျှပ်စစ်ရရှိမှု၊ တရားစွဲဆိုမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းပေးနိုင်မှု၊ စာရင်းဇယားကိန်းဂဏန်းအချက်အလက် မှန်မှန်ကန်ကန်ရရှိနိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ အခွန်ပေးဆောင်ရမှု စတဲ့အချက်များကို ဆန်းစစ်ပြီးမှသာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေနဲ့ ၁၉၉၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂) ခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၇၂၅) ခု ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၈၀၀၀၀) ကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းများအရ သိရပါတယ်။

 

မန္တလေး မြို့သာစက်မှု ဥယျာဉ်စီမံကိန်းတွင် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံသည့် ကားထုတ်လုပ်တပ်ဆင်သည့် စက်ရုံ

 

Source: The Voice

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)

Related items