Investment

ဂျပန်မှ Daiwa က logistic ကဏ္ဍအပါအ၀င် မြန်မာမှ ပွင့်သစ်စလုပ်ငန်းများတွင် ကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည်

ဂျပန်မှ Daiwa က logistic ကဏ္ဍအပါအ၀င် မြန်မာမှ ပွင့်သစ်စလုပ်ငန်းများတွင် ကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည် google

ဂျပန်နိုင်ငံမှ ဒုတိယအကြီးမားဆုံး ငွေချေးစာချုပ်ပွဲစားလုပ်ငန်း ဖြစ်သော Daiwa Securities Group သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည်။

 

၎င်း ငွေကြေး ရန်ပုံငွေကို Daiwa Myanmar Growth Fund ဟုခေါ်တွင်သည်။ နည်းပညာပွင့်သစ်စ လုပ်ငန်းများကိုသာဟု မဆိုထားဘဲ မြန်မာနိုင်ငံတွင်းရှိ ကြီးထွားမှု လျင်မြန်သော ပုဂ္ဂလိကလုပ်ငန်းများကို ရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုသွားမည်။ ဥပမာအားဖြင့် လူသုံးကုန်ပစ္စည်းနှင့် ဆက်နွှယ်သော လုပ်ငန်းများကဏ္ဍ နှင့် ၀န်ဆောင်မှုနှင့် နှီးနွှယ်သော လုပ်ငန်းများကဏ္ဍတို့တွင် ကြီးထွားနှုန်း သန်မာပြီး အလားအလာကောင်းများ ရှိနေသည့် လုပ်ငန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံမည်။ ထိုကဏ္ဍနှစ်ရပ်သည် မြန်မာနိုင်ငံတွင် လူလတ်တန်းစားအလွှာ မြင့်တက်လာခြင်းနှင့် ၀ယ်ယူသုံးစွဲမှု တိုးများလာခြင်းတို့ ကြောင့် သန်မာသော ကြီးထွားနှုန်းကို ရရှိလျက် ရှိသည်။ ဆက်သွယ်ရေးနှင့် လောဂျစ်စတစ် ကဏ္ဍများသည်လည်း ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပါဝင်သည်။

 

ရင်းနှီးမြှုပ်နှံမှုကာလသည် ၁၂ နှစ် ဖြစ်သည်။ အလားအလာကောင်းသော မြန်မာလုပ်ငန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ တစ်သန်းစီ ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ရှိသည်။ ထိုလုပ်ငန်းသည် စတော့အိပ်ချိန်းတွင် စာရင်းဝင်နိုင်အောင် လုံလောက်သော ကြီးထွားမှု ရရှိမည်ဟု မျှော်လင့်သည့် လုပ်ငန်းမျိုး ဖြစ်သည်။

 

Daiwa သည် မြန်မာနိုင်ငံနှင့် မစိမ်းချေ။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်က အိုင်တီကွန်ရက်ကို မြန်မာနိုင်ငံ အစိုးရအတွက် အကောင်အထည်ဖော်မည့် အမေရိကန်ဒေါ်လာ သန်း ၃၈၀ စီမံကိန်း လုပ်ကိုင်ရန် ရွေးချယ်ခံရသည်။ မြန်မာနိုင်ငံတွင် ၎င်း၏ ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။ အင်တာနက် ၀န်ဆောင်မှု ပေးအပ်သည့်လုပ်ငန်း၊ အွန်လိုင်း ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၅ ခု တွင် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်း ဖြစ်သည်။

 

ထုတ်ပြန်ကြေညာချက် ဖတ်ရှုရန်

 

http://www.daiwa-grp.jp/data/attach/2848_070_en190711a.pdf

 

 

 

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)

Related items