Investment

ယခုဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စံခ်ိန္တင္ဝင္ေရာက္လာခဲ့

ယခုဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စံခ်ိန္တင္ဝင္ေရာက္လာခဲ့ google

ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံ ေရးအျမင္မၾကည္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အဝင္နည္းေသာ္လည္း ယခုဘ႑ာႏွစ္၌ စံခ်ိန္တင္ဝင္လာမည္ဟု ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ ဥကၠ႒ဦးေသာင္းထြန္းက ေျပာျပခဲ့ပါတယ္။

ကမ္းလြန္ေရနံတူးေဖာ္ေရး လုပ္ငန္းမ်ားႏွင့္ ျပည္တြင္း၌ဓာတ္ သတၱဳရွာေဖြေရး လုပ္ငန္းမ်ားကို ေမွ်ာ္မွန္းထားေၾကာင္း ေကာ္မရွင္ ဥကၠ႒ကဆိုခဲ့ပါတယ္။

 

‘‘ကြၽန္ေတာ္တို႔ႏိုင္ငံဟာ သိသိသာသာ တိုးတက္ဖို႔ အလားအလာေတြ ရွိေနပါၿပီ’’ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေအာက္တိုဘာ ၁၉ ရက္ ရန္ကုန္ၿမိဳ႕တြင္ျပဳလုပ္ေသာ ဒုတိယသမၼတ-၁ ဦးျမင့္ေဆြႏွင့္ ေတြ႕ဆုံပြဲသို႔တက္ေရာက္သည့္ စီးပြားေရးလုပ္ငန္း ရွင္မ်ားကို ေျပာခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံ၏ စီးပြားေရးအ ေျခအေနႏွင့္ပတ္သက္၍ ကမာၻ႔ဘဏ္၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္တို႔ ၏ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားက ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးတက္ဝင္ေရာက္လာရန္ အေထာက္အကူေပးသည္ဟု စီးပြားေရး လုပ္ငန္းရွင္မ်ားကို ေကာ္မရွင္ဥကၠ႒က ရွင္းျပခဲ့ပါတယ္။

 

လာမည့္ႏွစ္ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈ (ဂ်ီဒီပီ)ကို အာရွဖြံ႕ၿဖိဳးေရးဘဏ္က ၆ ဒသမ ၆ ရာခိုင္ႏႈန္း၊ ကမာၻ႔ဘဏ္က ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိမည္ဟု ခန႔္မွန္းထားခဲ့ပါတယ္။

 

ထို႔အျပင္ မၾကာမီရက္ပိုင္း အတြင္း ကမာၻ႔ဘဏ္က ထုတ္ျပန္မည့္ စီးပြားေရးလုပ္ကိုင္ရမႈလြယ္ကူဆုံး ၫႊန္းကိန္းလည္း အဆင့္ျမင့္တက္လာမည္ဟု ေမွ်ာ္မွန္းေၾကာင္း ဦးေသာင္းထြန္းက ဆိုခဲ့ပါတယ္။ ၫႊန္းကိန္း အဆင့္ျမင့္တက္လွ်င္ ႏိုင္ငံတကာမွ ရင္းႏွီးျမႇဳပ္ႏွံမႈ အဝင္တိုးလာမည္ ျဖစ္ပါတယ္။

 

‘‘အစိုးရရဲ႕ မူဝါဒေတြ၊ လုပ္ထုံးလုပ္နည္းေတြ ျပဳျပင္ေျပာင္း လဲတာေတာ့ မွန္ပါတယ္’’ ဟု ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာျပခ်က္အရ သိရပါတယ္။ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္နံွမႈအဝင္ကို ျပန္ ၾကည့္လွ်င္ မူလေမွ်ာ္မွန္းသေလာက္ မရရွိေၾကာင္း ၎ကဆိုပါတယ္။

 

၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အဝင္ကန္ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံရွိမည္ ဟု ခန႔္မွန္းေသာ္လည္း ႏွစ္ကုန္ခ်ိန္တြင္ ေဒၚလာ ၄ ဒသမ ၄ ဘီလီယံသာ ဝင္ေရာက္ခဲ့ပါတယ္။

 

ရင္းႏွီးျမႇဳပ္ႏွံမႈ အဝင္ေလ်ာ့နည္းျခင္းသည္ အေျခခံအေဆာက္အအုံက႑ အားနည္းမႈ၊ စီးပြားေရး လုပ္ငန္းမ်ား ေႏွးေကြးေနျခင္းကို ႏိုင္ငံျခားစီးပြားေရး လုပ္ငန္းရွင္မ်ားက ေထာက္ျပသည္ဟု ၎ကေျပာခဲ့ပါတယ္။ထို႔အျပင္ ေျမယာရရွိမႈ ျပႆနာႏွင့္ အလုပ္သမားျပႆနာမ်ားကို ႏိုင္ငံျခားစီးပြားေရး လုပ္ငန္းရွင္မ်ားက ေထာက္ျပသည္ဟု ဒုတိယသမၼတႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ေျပာခဲ့ပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်ဝင်ရောက်လာခဲ့

 

မြန်မာနိုင်ငံအပေါ် နိုင်ငံ ရေးအမြင်မကြည်မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းသော်လည်း ယခုဘဏ္ဍာနှစ်၌ စံချိန်တင်ဝင်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောပြခဲ့ပါတယ်။

 

ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းများနှင့် ပြည်တွင်း၌ဓာတ် သတ္တုရှာဖွေရေး လုပ်ငန်းများကို မျှော်မှန်းထားကြောင်း ကော်မရှင် ဥက္ကဋ္ဌကဆိုခဲ့ပါတယ်။

 

‘‘ကျွန်တော်တို့နိုင်ငံဟာ သိသိသာသာ တိုးတက်ဖို့ အလားအလာတွေ ရှိနေပါပြီ’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အောက်တိုဘာ ၁၉ ရက် ရန်ကုန်မြို့တွင်ပြုလုပ်သော ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေနှင့် တွေ့ဆုံပွဲသို့တက်ရောက်သည့် စီးပွားရေးလုပ်ငန်း ရှင်များကို ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးအ ခြေအနေနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ ၏ ကြိုတင်ခန့်မှန်းချက်များက မြန်မာနိုင်ငံသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာရန် အထောက်အကူပေးသည်ဟု စီးပွားရေး လုပ်ငန်းရှင်များကို ကော်မရှင်ဥက္ကဋ္ဌက ရှင်းပြခဲ့ပါတယ်။

 

လာမည့်နှစ် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု (ဂျီဒီပီ)ကို အာရှဖွံ့ဖြိုးရေးဘဏ်က ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကမ္ဘာ့ဘဏ်က ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့ပါတယ်။

 

ထို့အပြင် မကြာမီရက်ပိုင်း အတွင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် စီးပွားရေးလုပ်ကိုင်ရမှုလွယ်ကူဆုံး ညွှန်းကိန်းလည်း အဆင့်မြင့်တက်လာမည်ဟု မျှော်မှန်းကြောင်း ဦးသောင်းထွန်းက ဆိုခဲ့ပါတယ်။ ညွှန်းကိန်း အဆင့်မြင့်တက်လျှင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု အဝင်တိုးလာမည် ဖြစ်ပါတယ်။

 

‘‘အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်း လဲတာတော့ မှန်ပါတယ်’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပြချက်အရ သိရပါတယ်။ပြီးခဲ့သည့် ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုအဝင်ကို ပြန် ကြည့်လျှင် မူလမျှော်မှန်းသလောက် မရရှိကြောင်း ၎င်းကဆိုပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်ကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရှိမည် ဟု ခန့်မှန်းသော်လည်း နှစ်ကုန်ချိန်တွင် ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံသာ ဝင်ရောက်ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှု အဝင်လျော့နည်းခြင်းသည် အခြေခံအဆောက်အအုံကဏ္ဍ အားနည်းမှု၊ စီးပွားရေး လုပ်ငန်းများ နှေးကွေးနေခြင်းကို နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြသည်ဟု ၎င်းကပြောခဲ့ပါတယ်။

 

ထို့အပြင် မြေယာရရှိမှု ပြဿနာနှင့် အလုပ်သမားပြဿနာများကို နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြသည်ဟု ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပြောခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)

Related items