Investment

၂ နှစ်ကျော်ကာလအတွင်း ပမာဏအများဆုံး စီမံကိန်းငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့

၂ နှစ်ကျော်ကာလအတွင်း ပမာဏအများဆုံး စီမံကိန်းငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ google

ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းငါးခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုဝင်ဘာ ၂၉ ရက် တွင် ခွင့်ပြုခဲ့ပြီး ၂ နှစ်ကျော်အတွင်း ပမာဏအများဆုံး ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။

 

အစိုးရလက်ထက်တွင် ၂၀၁၇ ဇူလိုင် ၁၁ ရက်က ခွင့်ပြုသည့်လုပ်ငန်း ၂၇ ခု စုစု ပေါင်းတန်ဖိုး ဒေါ်လာ သန်း ၉၀၀ ကျော် ခွင့်ပြုပြီးနောက် အများဆုံးခွင့်ပြုသည့်ပမာဏလဲ ဖြစ်ခဲ့ပါတယ်။၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပထမနှစ်လအတွင်း ဒေါ်လာတစ်ဘီလီယံကျော်ရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် နှစ်ဆကျော် ပိုမိုမြင့်တက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။

 

ယခုခွင့်ပြုသည့် လုပ်ငန်းငါး ခုတွင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအ ဆောက်အအုံကဏ္ဍတို့ ပါဝင် သည်ဟု ကော်မရှင်က ထုတ်ပြန် ထားခဲ့ပါတယ်။မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသည် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။

 

လက်ရှိတွင် ကဏ္ဍ ၁၂ ခု၌ နိုင်ငံ ၅၀ က ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အများဆုံးဖြစ်ခဲ့ပါတယ်။ ဒုတိယအများဆုံးသည် လျှပ်စစ်ကဏ္ဍဖြစ်ပြီး တတိယအများဆုံးသည် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည်ဟု ကော်မရှင်ကဆိုခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)