Investment

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ google


 


 


 


 


 


 


 

Unicode ဖြင့် ဖက်ရှု့လိုပါက
>>>>>>>>>>>>>>>

 

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

 

မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂၀ / ၂၀၁၉ ) အား ၂၀၁၉ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊သစွာလမ်းရှိ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးရုံးတွင် ပြုလုပ်ခဲ့ပါတယ်။

 

အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၂)ခု၊ အတည်ပြုလုပ်ငန်း (၁၅)ခု ခွင့်ပြုခဲ့ပြီး အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း (၂)ခု၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁၁)ခုနှင့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု လုပ်ငန်း (၄)ခု ခွင့်ပြုခဲ့ပါတယ်။

 

ယခု အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်း (၁၇) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၈၄.၁၇၁) သန်းကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၈,၅၃၈)ဦး ကို ဖန်တီးပေးမည် ဖြစ်ပါတယ်။ ခွင့်ပြု/ အတည်ပြုလုပ်ငန်း (၁၇)ခုမှာ လျှပ်စစ်ကဏ္ဍမှ(၁)ခု၊ အိမ်ရာအ ဆောက်အဦကဏ္ဍမှ (၁)ခု နှင့် စက်မှုကဏ္ဍမှ (၁၅)ခု ဖြစ်ပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅၇)ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁,၀၈၇.၇၄၃) သန်း ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁,၁၃၃.၃၀၀) သန်းဖြစ်ပါတယ်။

 

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့ အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၅.၂၀၃) သန်းဖြစ်ပါတယ်။ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက် နေ့အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁,၁၄၈.၅၀၃) သန်း ဖြစ်ပါတယ်။အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း (၁)ခု၊ အတည်ပြုလုပ်ငန်း (၁)ခု ခွင့်ပြုခဲ့ပါတယ်။

 

အဆိုပါ လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့ပြီး စက်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့ ဖြစ်ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄.၂၇၈) သန်း အပါအဝင် ကျပ် (၁၂,၀၁၀.၃၀၄)သန်း ဖြစ်ပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၈၃)ဦးကို ဖန်တီးပေးမည် ဖြစ်ပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့ အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၆)ခု၊ အမေရိ ကန်ဒေါ်လာ (၁၀၂.၃၆၀)သန်း အပါအဝင် ကျပ် (၅၄၉,၁၄၅.၁၈၀)သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၁၉.၀၄၇) သန်းအပါအဝင် ကျပ် (၆၃၈,၀၃၇.၃၈၄) သန်း ဖြစ်ပါတယ်။

 

Myanmar Logistics Guide

 

 
Read times
Rate this item
(1 Vote)