Investment

ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ သုံးနိုင်ငံကြား ရေအောက်ကေဘယ်တည်ဆောက်ရေးစီမံကိန်း စတင်

ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

 

ရင်းနှီးမြှုပ်နှံ

 

"ကျွန်တော်တို့ ဒီစီမံကိန်းဆောင်ရွက်နိုင်ခြင်းကြောင့် ဒေတာအမြန်နှုန်းတိုးမြှင့်ပြီး အရှေ့တောင် အာရှ ဒေသတွင်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ ရေအောက်ကေဘယ် တည်ဆောက်ရေး မဟာဗျူဟာ မြောက်စီမံကိန်းရဲ့ အစိတ်အပိုင်းလည်းဖြစ်ပါ တယ်"ဟု NTT Ltd ၏ အမှုဆောင်အရာရှိချုပ် Mr. Sutas Kongdumrongkait က ပြောသည်။

 

အမေရိကန် ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံ ထားသည့် အဆိုပါရေအောက်ကေဘယ်သည် ကီလိုမီတာ ၁၁၀၀၀ ရှည်လျားပြီး ၂၀၂၂ ခုနှစ် ဇွန်လ တွင် လုပ်ငန်းစတင် လည်ပတ် အသုံးပြုနိုင်မည် ဖြစ် ကြောင်း သိရသည်။

 

အဆိုပါကုမ္ပဏီက မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ရယူကာ NTT Myanmar ရုံးကိုလည်း စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ၏ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေသည့် သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍ၏ လိုအပ်ချက် များအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဖြေရှင်းချက် များအား အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်သွားနိုင် တော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ခြောက်ရာခိုင်နှုန်းမှ ၁၂ ရာခိုင် နှုန်းအထိ တိုးတက်လျက်ရှိကြောင်း၊ ယင်းတိုးတက် မှု သည် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံအများစု၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းထက်ပင် မြင့်မားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရေအောက်ကေဘယ်စီမံကိန်း ထူထောင်နိုင်မှုကြောင့် ဒေတာစီမံခန့်ခွဲမှုဆော့ဝဲလ် နည်းပညာများ အလျင်အမြန် တိုးတက်လာပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

 

>>>Zawgyi<<<

 

ေဒၚလာသန္း ၄၀၀ ရင္းႏွီးျမႇဳပ္ႏွံ၍ စင္ကာပူ-ျမန္မာ-အိႏၵိယ သုံးႏိုင္ငံၾကား ေရေအာက္ေကဘယ္တည္ေဆာက္ေရးစီမံကိန္း စတင္

 

ကမာၻ႔ထိပ္တန္းနည္းပညာ ဝန္ေဆာင္မႈလုပ္ငန္းစု ႀကီးျဖစ္ေသာ NTT Ltd က အေမရိကန္ေဒၚလာ သန္း ၄၀၀ ရင္းႏွီးျမႇဳပ္ႏွံ၍ စင္ကာပူ-ျမန္မာ-အိႏၵိယ (မြန္ဘိုင္းႏွင့္ ခ်န္ႏိုင္း) သုံးႏိုင္ငံအၾကား စြမ္းအားျမင့္ ေရေအာက္ေကဘယ္(MIST) ကို စတင္တည္ေဆာက္ ေနၿပီျဖစ္ေၾကာင္း ယေန႔ဆူးေလရွန္ဂီလာ၌ က်င္းပ ေသာ စာနယ္ဇင္းရွင္းလင္းပြဲမွ သိရသည္။

 

ရင္းႏွီးျမႇဳပ္ႏွံ

 

"ကြၽန္ေတာ္တို႔ ဒီစီမံကိန္းေဆာင္႐ြက္ႏိုင္ျခင္းေၾကာင့္ ေဒတာအျမန္ႏႈန္းတိုးျမႇင့္ၿပီး အေရွ႕ေတာင္ အာရွ ေဒသတြင္း ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံတကာ ေရေအာက္ေကဘယ္ တည္ေဆာက္ေရး မဟာဗ်ဴဟာ ေျမာက္စီမံကိန္းရဲ႕ အစိတ္အပိုင္းလည္းျဖစ္ပါ တယ္"ဟု NTT Ltd ၏ အမႈေဆာင္အရာရွိခ်ဳပ္ Mr. Sutas Kongdumrongkait က ေျပာသည္။

 

အေမရိကန္ ေဒၚလာသန္း ၄၀၀ ရင္းႏွီးျမႇဳပ္ႏွံ ထားသည့္ အဆိုပါေရေအာက္ေကဘယ္သည္ ကီလိုမီတာ ၁၁၀၀၀ ရွည္လ်ားၿပီး ၂၀၂၂ ခုႏွစ္ ဇြန္လ တြင္ လုပ္ငန္းစတင္ လည္ပတ္ အသုံးျပဳႏိုင္မည္ ျဖစ္ ေၾကာင္း သိရသည္။

 

အဆိုပါကုမၸဏီက ျမန္မာႏိုင္ငံစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လုပ္ငန္းလိုင္စင္ရယူကာ NTT Myanmar ႐ုံးကိုလည္း စတင္ ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ ၏ တစ္ရွိန္ထိုး ဖြံ႕ၿဖိဳးတိုးတက္ေနသည့္ သတင္း အခ်က္အလက္ႏွင့္ နည္းပညာက႑၏ လိုအပ္ခ်က္ မ်ားအတြက္ ဒစ္ဂ်စ္တယ္နည္းပညာ ေျဖရွင္းခ်က္ မ်ားအား အရွိန္အဟုန္ျမႇင့္ တိုးခ်ဲ႕လုပ္ေဆာင္သြားႏိုင္ ေတာ့မည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑သည္ ႏွစ္စဥ္ ေျခာက္ရာခိုင္ႏႈန္းမွ ၁၂ ရာခိုင္ ႏႈန္းအထိ တိုးတက္လ်က္ရွိေၾကာင္း၊ ယင္းတိုးတက္ မႈ သည္ ဖြံ႕ၿဖိဳးဆဲ အာရွႏိုင္ငံအမ်ားစု၏ အသားတင္ ထုတ္လုပ္မႈတန္ဖိုး (GDP) တိုးတက္မႈႏႈန္းထက္ပင္ ျမင့္မားလ်က္ရွိေၾကာင္း သိရသည္။

 

အဆိုပါ ေရေအာက္ေကဘယ္စီမံကိန္း ထူေထာင္ႏိုင္မႈေၾကာင့္ ေဒတာစီမံခန္႔ခြဲမႈေဆာ့ဝဲလ္ နည္းပညာမ်ား အလ်င္အျမန္ တိုးတက္လာၿပီး ျမန္မာ့ဒစ္ဂ်စ္တယ္စီးပြားေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈမ်ားကို မ်ားစြာအေထာက္အကူ ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)